Friday, May 29, 2020
လူတိုင်းသိသင့်တဲ့ Artificial Intelligence ♦️
ဒီနေ့ခေတ်မှာ အရာရာဟာ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ စက်တွေဟာလည်း လူတွေနီးနီး တိုးတက်ပြောင်းလဲလာပါတယ်။
Messengerမှာ အလိုအလျှောက် ပြန်ဖြေကြားပေးတဲ့ Chatbotတွေ၊ ဖုန်းတွေမှာ ရုပ်နဲ့အသံတွေကို မှတ်ထားပေးတဲ့ Face recognitionနဲ့ Voice recognitionစနစ်တွေ၊ မောင်းသူမဲ့ကားတွေ စသဖြင့် အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲလာပါတယ်။
ဒီလိုနည်းပညာဆိုင်ရာတိုးတက်ပြောင်းလဲလာမှု
(Technological advancement)တွေထဲမှာ
Artificial Intelligence (AI)ဆိုတာ အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ဒါကြောင့် ဒီနေ့တော့ AIနဲ့ ပတ်သက်တာလေးတွေကို လေ့လာမိသလောက် မျှဝေပေးချင်ပါတယ်👇👇
💠 Artificial Intelligence (AI)ဆိုတာ ဘာလဲ?
AIဆိုတာ စက်တွေမှာ လူတွေလို တွေးခေါ်တွက်ချက်ပြီး လုပ်ဆောင်နိုင်ဖို့ တီထွင်ဖန်တီးထားတဲ့ ဉာဏ်ရည်တုပဲဖြစ်ပါတယ်။
Alကိုထည့်သွင်းထားတဲ့စက်တွေအနေနဲ့ လူတွေလို ကြောင်းကျိုးချင့်ချိန်စဉ်းစားပြီး ပြဿနာတွေဖြေရှင်းနိုင်တဲ့အထိ အဆင်မြင့်နိုင်ပါတယ်။AIရဲ့ဖခင်ကြီး John McCarthyကတော့ AIကို "ဉာဏ်ရည်မြင့်စက်ကိရိယာ၊ အထူးသဖြင့် ဉာဏ်ရည်မြင့်ကွန်ပျူတာပရိုဂရမ်တွေ ပြုလုပ်တဲ့ သိပ္ပံနဲ့အင်ဂျင်နီယာအတတ်ပညာ"အဖြစ် ဖော်ကျူးထားပါတယ်။
💠 AIအမျိုးအစားများ
AIကို အဓိကအားဖြင့် (၂)မျိုးခွဲထားပါတယ်။
Weak AIနဲ့
Strong AIဆိုပြီးတော့ပါ။
🔹Weak AI
Weak AIက လူတွေလောက်တော့ မစွမ်းဆောင်နိုင်ပါဘူး။သူ့မှာ ကန့်သတ်ချက်၊လိုအပ်ချက်လေးတွေ ရှိပါတယ်။သူက လူတွေအနေနဲ့ သူ့ကို လေ့ကျင့်ပေးထားတဲ့အခြေအနေတစ်ရပ်၊တာဝန်တစ်ခုကိုပဲ လုပ်ဆောင်နိုင်ပါတယ်။သူ့ကို လေ့ကျင့်ပေးထားတာတွေထက် ကျော်ပြီး လုပ်ဆောင်နိုင်စွမ်းမရှိပါဘူး။ဥပမာပြောရရင် gameတွေလိုပေါ့။ထည့်သွင်းပေးထားတဲ့dataတွေထက် ကျော်ပြီး မလုပ်ဆောင်နိုင်ပါဘူး။
🔹Strong AI
Strong AIကတော့ လူတွေလို စဉ်းစား လုပ်ဆောင်နိုင်ပြီးတော့ လူရဲ့စွမ်းဆောင်နိုင်မှုကို ကျော်လွန်သွားတဲ့အထိ အဆင်မြင့်တယ်လို့ ဆိုကြပါတယ်။သူက သူ့မှာထည့်သွင်းထားတဲ့ internal data တွေအပြင် ပြင်ပကလာတဲ့external dataတွေကိုပါ အခြေခံတွက်ချက်ပြီး လုပ်ဆောင်ရမယ့် တာဝန်ကို အကောင်းဆုံးဆောင်ရွက်နိုင်ပါတယ်။Strong AIကို ဥပမာပေးရမယ်ဆိုရင် မောင်းသူမဲ့ကား (self-driving car)တွေပါ။internal dataတွေအရ လိုရာကိုမောင်းသွားနိုင်ပြီး
external dataတွေဖြစ်တဲ့ တခြားကားတွေ လူတွေကို အခြေခံပြီး ယာဉ်တိုက်မှုမဖြစ်အောင် ရှောင်ရှားနိုင်ပါတယ်။
💠 Human Intelligenceနဲ့ Machine Intelligence
"စက်တွေအနေနဲ့ လူတွေလို စဉ်းစားတွေးခေါ်နိုင်လား"ဆိုတဲ့ မေးခွန်းကို အခြေခံပြီး AIဆိုတာ ပေါ်ပေါက်လာတာပါ။
AIအနေနဲ့ လူတွေလို လုပ်ဆောင်နိုင်တယ်ဆိုပေမယ့် လူသားတွေကို ကျော်လွန်နိုင်ဖို့ကတော့ လိုအပ်နေသေးတယ် ထင်ပါတယ်။
စက်တွေအနေနဲ့ လူတွေထက်သာတာ တစ်ခုကတော့ စက်တွေက လူတွေထက် အချိန်ကြာကြာ လုပ်ဆောင်နိုင်တာပါပဲ။လူတွေအနေနဲ့ စိတ်ခံစားချက်ဆိုင်ရာ အနှောင့်အယှက်တွေ
(Emotional disturbances)နဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ (Physical weaknesses)တွေကြောင့် အလုပ်လုပ်ရာမှာ နှောင့်နှေးမှုတွေ မှားယွင်းမှုရှိပေမယ့် စက်ပစ္စည်းတွေကတော့ အားကုန်ပျက်စီးသည်အထိ တောက်လျှောက်အလုပ်လုပ်နိုင်ပါတယ်။
ဒါကြောင့်လည်း ဘောလုံးပွဲတွေမှာ VARလို့ခေါ်တဲ့ စနစ်ကို ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် လူသားတွေက စက်တွေထက် သာလွန်တာကတော့ ခံစားချက်ရှိတာပါပဲ။AIအနေနဲ့ logicနဲ့ calculationမှာ လူတွေလိုလုပ်ဆောင်နိုင်ပေမယ့် ခံစားမှုနဲ့ယှဉ်ပြီး လုပ်ဆောင်ရတဲ့အရာတွေမှာတော့ လူသားတွေကို မမီနိုင်သေးပါဘူး။
ဒါကြောင့်လည်း အနုပညာတီထွင်ဖန်တီးမှုမှာ လူသားဉာဏ်ရည်ဟာ AIထက် သာလွန်နေတယ်ဆိုတာ ငြင်းမရနိုင်ပါဘူး။
လူ့ရဲ့ဦးနှောက်နဲ့ ယှဉ်ပြောရရင် AIဟာ လူရဲ့left brainကို တုပလုပ်ဆောင်နိုင်ပေမယ့် right brainကိုတော့ တုပပြီးမစွမ်းဆောင်နိုင်သေးဘူးလို့ ပြောနိုင်ပါတယ်။
<Zawgyi>
လူတိုင္းသိသင့္တဲ့ Artificial Intelligence ♦️
ဒီေန႔ေခတ္မွာ အရာရာဟာ တိုးတက္ေျပာင္းလဲလာတာနဲ႔အမွ် စက္ေတြဟာလည္း လူေတြနီးနီး တိုးတက္ေျပာင္းလဲလာပါတယ္။
Messengerမွာ အလိုအေလွ်ာက္ ျပန္ေျဖၾကားေပးတဲ့ Chatbotေတြ၊ ဖုန္းေတြမွာ ႐ုပ္နဲ႔အသံေတြကို မွတ္ထားေပးတဲ့ Face recognitionနဲ႔ Voice recognitionစနစ္ေတြ၊ ေမာင္းသူမဲ့ကားေတြ စသျဖင့္ အရွိန္အဟုန္နဲ႔ တိုးတက္ေျပာင္းလဲလာပါတယ္။
ဒီလိုနည္းပညာဆိုင္ရာတိုးတက္ေျပာင္းလဲလာမႈ
(Technological advancement)ေတြထဲမွာ
Artificial Intelligence (AI)ဆိုတာ အဓိကအခန္းက႑က ပါဝင္ပါတယ္။ဒါေၾကာင့္ ဒီေန႔ေတာ့ AIနဲ႔ ပတ္သက္တာေလးေတြကို ေလ့လာမိသေလာက္ မွ်ေဝေပးခ်င္ပါတယ္👇👇
💠 Artificial Intelligence (AI)ဆိုတာ ဘာလဲ?
AIဆိုတာ စက္ေတြမွာ လူေတြလို ေတြးေခၚတြက္ခ်က္ၿပီး လုပ္ေဆာင္ႏိုင္ဖို႔ တီထြင္ဖန္တီးထားတဲ့ ဉာဏ္ရည္တုပဲျဖစ္ပါတယ္။
Alကိုထည့္သြင္းထားတဲ့စက္ေတြအေနနဲ႔ လူေတြလို ေၾကာင္းက်ိဳးခ်င့္ခ်ိန္စဉ္းစားၿပီး ျပႆနာေတြေျဖရွင္းႏိုင္တဲ့အထိ အဆင္ျမင့္ႏိုင္ပါတယ္။AIရဲ႕ဖခင္ႀကီး John McCarthyကေတာ့ AIကို "ဉာဏ္ရည္ျမင့္စက္ကိရိယာ၊ အထူးသျဖင့္ ဉာဏ္ရည္ျမင့္ကြန္ပ်ဴတာပ႐ိုဂရမ္ေတြ ျပဳလုပ္တဲ့ သိပၸံနဲ႔အင္ဂ်င္နီယာအတတ္ပညာ"အျဖစ္ ေဖာ္က်ဴးထားပါတယ္။
💠 AIအမ်ိဳးအစားမ်ား
AIကို အဓိကအားျဖင့္ (၂)မ်ိဳးခြဲထားပါတယ္။
Weak AIနဲ႔
Strong AIဆိုၿပီးေတာ့ပါ။
🔹Weak AI
Weak AIက လူေတြေလာက္ေတာ့ မစြမ္းေဆာင္ႏိုင္ပါဘူး။သူ့မွာ ကန္႔သတ္ခ်က္၊လိုအပ္ခ်က္ေလးေတြ ရွိပါတယ္။သူက လူေတြအေနနဲ႔ သူ့ကို ေလ့က်င့္ေပးထားတဲ့အေျခအေနတစ္ရပ္၊တာဝန္တစ္ခုကိုပဲ လုပ္ေဆာင္ႏိုင္ပါတယ္။သူ့ကို ေလ့က်င့္ေပးထားတာေတြထက္ ေက်ာ္ၿပီး လုပ္ေဆာင္ႏိုင္စြမ္းမရွိပါဘူး။ဥပမာေျပာရရင္ gameေတြလိုေပါ႔။ထည့္သြင္းေပးထားတဲ့dataေတြထက္ ေက်ာ္ၿပီး မလုပ္ေဆာင္ႏိုင္ပါဘူး။
🔹Strong AI
Strong AIကေတာ့ လူေတြလို စဉ္းစား လုပ္ေဆာင္ႏိုင္ၿပီးေတာ့ လူရဲ႕စြမ္းေဆာင္ႏိုင္မႈကို ေက်ာ္လြန္သြားတဲ့အထိ အဆင္ျမင့္တယ္လို႔ ဆိုၾကပါတယ္။သူက သူ့မွာထည့္သြင္းထားတဲ့ internal data ေတြအျပင္ ျပင္ပကလာတဲ့external dataေတြကိုပါ အေျခခံတြက္ခ်က္ၿပီး လုပ္ေဆာင္ရမယ့္ တာဝန္ကို အေကာင္းဆုံးေဆာင္ရြက္ႏိုင္ပါတယ္။Strong AIကို ဥပမာေပးရမယ္ဆိုရင္ ေမာင္းသူမဲ့ကား (self-driving car)ေတြပါ။internal dataေတြအရ လိုရာကိုေမာင္းသြားႏိုင္ၿပီး
external dataေတြျဖစ္တဲ့ တျခားကားေတြ လူေတြကို အေျခခံၿပီး ယာဉ္တိုက္မႈမျဖစ္ေအာင္ ေရွာင္ရွားႏိုင္ပါတယ္။
💠 Human Intelligenceနဲ႔ Machine Intelligence
"စက္ေတြအေနနဲ႔ လူေတြလို စဉ္းစားေတြးေခၚႏိုင္လား"ဆိုတဲ့ ေမးခြန္းကို အေျခခံၿပီး AIဆိုတာ ေပၚေပါက္လာတာပါ။
AIအေနနဲ႔ လူေတြလို လုပ္ေဆာင္ႏိုင္တယ္ဆိုေပမယ့္ လူသားေတြကို ေက်ာ္လြန္ႏိုင္ဖို႔ကေတာ့ လိုအပ္ေနေသးတယ္ ထင္ပါတယ္။
စက္ေတြအေနနဲ႔ လူေတြထက္သာတာ တစ္ခုကေတာ့ စက္ေတြက လူေတြထက္ အခ်ိန္ၾကာၾကာ လုပ္ေဆာင္ႏိုင္တာပါပဲ။လူေတြအေနနဲ႔ စိတ္ခံစားခ်က္ဆိုင္ရာ အေႏွာင့္အယွက္ေတြ
(Emotional disturbances)နဲ႔ ႐ုပ္ပိုင္းဆိုင္ရာ အားနည္းခ်က္ေတြ (Physical weaknesses)ေတြေၾကာင့္ အလုပ္လုပ္ရာမွာ ေႏွာင့္ေႏွးမႈေတြ မွားယြင္းမႈရွိေပမယ့္ စက္ပစၥည္းေတြကေတာ့ အားကုန္ပ်က္စီးသည္အထိ ေတာက္ေလွ်ာက္အလုပ္လုပ္ႏိုင္ပါတယ္။
ဒါေၾကာင့္လည္း ေဘာလုံးပြဲေတြမွာ VARလို႔ေခၚတဲ့ စနစ္ကို က်င့္သုံးခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္ လူသားေတြက စက္ေတြထက္ သာလြန္တာကေတာ့ ခံစားခ်က္ရွိတာပါပဲ။AIအေနနဲ႔ logicနဲ႔ calculationမွာ လူေတြလိုလုပ္ေဆာင္ႏိုင္ေပမယ့္ ခံစားမႈနဲ႔ယွဉ္ၿပီး လုပ္ေဆာင္ရတဲ့အရာေတြမွာေတာ့ လူသားေတြကို မမီႏိုင္ေသးပါဘူး။
ဒါေၾကာင့္လည္း အႏုပညာတီထြင္ဖန္တီးမႈမွာ လူသားဉာဏ္ရည္ဟာ AIထက္ သာလြန္ေနတယ္ဆိုတာ ျငင္းမရႏိုင္ပါဘူး။
လူ့ရဲ႕ဦးေႏွာက္နဲ႔ ယွဉ္ေျပာရရင္ AIဟာ လူရဲ႕left brainကို တုပလုပ္ေဆာင္ႏိုင္ေပမယ့္ right brainကိုေတာ့ တုပၿပီးမစြမ္းေဆာင္ႏိုင္ေသးဘူးလို႔ ေျပာႏိုင္ပါတယ္။
Subscribe to:
Post Comments (Atom)
computer
Computer ထဲမှာစိုက်ထားတဲ့ RAM စစ်နည်း
Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထာ...
-
Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထာ...
-
ဒီနေ့ခေတ်မှာ အရာရာဟာ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ စက်တွေဟာလည်း လူတွေနီးနီး တိုးတက်ပြောင်းလဲလာပါတယ်။ Messengerမှာ အလိုအလျှောက် ပြန်ဖြေက...
-
ကိုရိုနာ ဗိုင်းရပ်စ်ရပြီး ပြန်ကောင်းလာတဲ့သူတွေက Dark web ကနေ သူတို့သွေးကို ရောင်းနေကြတယ်တဲ့...။ 💻 🚫 အဲဒီ Deep Web နဲ့ Dark Web ကို...
No comments:
Post a Comment