June 22 ရက်နေ့မှာကျင်းပမယ်လို့သတင်းထွက်နေတဲ့ WWDC ပွဲမှာကျွန်တော်တို့ iOS version 14 ကိုတွေ့မြင်ရဖို့ရှိနေပြီးသူ့မှာပါတဲ့ feature တစ်ချို့ကိုလဲကြိုသိနေရပါပြီ။ ဆိုတော့ဘာတွေထူးခြား လာမလဲကြည့်လိုက်ရအောင်။
1) Home Screen Changes
iOS 14 မှာအရင်က home screen design ကိုပဲဆက်သုံးမယ်ဆိုပေမယ့်အပြောင်းအလဲအနည်း ငယ်ကိုတော့တွေ့မြင်ရနိုင်ဖွယ်ရှိနေပါတယ်။ ဥပမာ- application icons တွေကို list view နဲ့ကြည့်လို့ရ မယ့် home screen page အသစ်ရယ်၊ home screen widgets တွေရယ်ပါလာနိုင်တာမျိုးပါ။ List view မှာ unread notifications တွေရှိတဲ့ app တွေကိုပဲပြတာမျိုး၊ recently opend apps တွေကိုပြတာ၊ app တွေကို daily usage ပေါ်မူတည်ပြီးပြတာလိုမျိုး sorting features တွေလဲသုံးလို့ရမှာဖြစ်ပါတယ်။
2) Improved accessibility
iOS 14 မှာ user တွေအနေနဲ့ ပိုကောင်းတဲ့ accessibility setting တွေရလာနိုင်မှာဖြစ်ပြီး fire alarms, sirens, doorbells နဲ့တခြား အချက်ပေးသံတွေကို haptic vibration အနေနဲ့ပြောင်းပေးမယ်လို့ ဆိုပါတယ်။ ဒီ feature အသစ်ဟာ နားသိပ်မကောင်းတဲ့သူတွေအတွက်တော်တော်လေးကိုအသုံးဝင်နိုင် ပြီးအသက်ကယ်ပေးနိုင်မယ့် feature တစ်ခုဖြစ်လာနိုင်ပါတယ်။ ပြီးတော့ Audio Accommodations ဆိုတဲ့ accessibility feature တစ်ခုလဲပါလာနိုင်တယ်။ အဲ့ဒါကတော့ AirPods တွေ Earpods တွေရဲ့ audio tuning ကိုနားသိပ်မကြားတဲ့သူတွေအတွက်ပိုအဆင်ပြေအောင် tuning လုပ်ပေးမယ့် feature ပါ။
3)Car Key
ဒီ feature ကို iOS 13.4 မှာတည်းက develop စလုပ်လာတာဖြစ်ပြီး iOS 14 မှာပါလာမယ်လို့ ယူဆရပါတယ်။ ကိုယ့်ရဲ့ iPhone or iWatch ကိုအသုံးပြုပြီး car ကို unlock လုပ်တာ၊ စက်နှိုးတာတွေ လုပ်လို့ရမယ်၊ Paring လုပ်ဖို့အတွက်ကတော့ wallet app ကတစ်ဆင့်လုပ်ရမှာဖြစ်ပြီး NFC-compatible cars တွေမှာအသုံးပြုနိုင်ပါမယ်။ Car Keys တွေကို wallet app ကတစ်ဆင့် share သုံးနိုင်မှာဖြစ်တဲ့ အတွက်တခြားမိသားစုဝင်တွေကိုလဲကိုယ့်ကားသော့ပေးထားသလိုမျိုးလုပ်လို့ရမှာပါ။ ဒီ feature ကိုပထ မဆုံးသုံးနိုင်မယ့်ကား company ကတော့ BMW ဖြစ်ပါတယ်။
4) Built-in translation in safari
Safari မှာ built-in translator ပါလာမယ်ဆိုတာကလဲသတင်းကောင်းပါပဲ။ Web-page တွေကို တခြား third-party app တွေ services တွေသုံးပြီး translate လုပ်စရာမလိုတော့ဘူး။ ကိုယ့် language မဟုတ်တဲ့ web page တွေဖွင့်လိုက်တာနဲ့အလိုအလျောက် translation လုပ်ပေးမယ်လို့ဆိုပါတယ်။
5) More Apple Pencil tools
Apple Pencil tools အသစ်တွေပါလာနိုင်ပြီး websites တွေမှာ scroll, touch လုပ်တာနဲ့ markup လုပ်တာမျိုးကို full support ပေးလာမယ်လို့ဆိုပါတယ်။
6) Keyboard Brightness shortcut
Apple ရဲ့ Magic Keyboard နဲ့ Smart Keyboard တွေမှာ function key မပါတဲ့အတွက် brightness ပြောင်းချင်ရင် setting ဒါမှမဟုတ် control center ကိုသွားပြောင်းရပါတယ်။ iOS 14 မှာတော့ keyboard shortcut အသစ်တစ်ခုနဲ့ brightness ကိုထိန်းချုပ်နိုင်တော့မှာပါ။
7) Find My alerts
iOS 14 ရဲ့ Find My alerts မှာ တစ်စုံတစ်ယောက်ကသတ်မှတ်ထားတဲ့နေရာကိုသတ်မှတ်ထား တဲ့အချိန်မရောက်လာဘူးဆိုရင် မိသားစုဝင်တွေရဲ့ဖုန်းမှာ alerts လုပ်ပေးမယ့် feature အသစ်တစ်ခု ပါလာပါတယ်။ တကယ်လို့ သတ်မှတ်ထားတဲ့အချိန်မတိုင်ခင်မှာထွက်သွားတယ်ဆိုရင်လဲ alerts ပေးမှာ ဖြစ်လို့ ကလေးတွေကိုစောင့်ကြည့်ရာမှာအသုံးဝင်မယ့် feature ပါ။ ဖုန်းပျောက်သွားတယ်၊ ဒါမှမဟုတ် သူငယ်ချင်းနဲ့တွေ့ဖို့ရှိတယ်ဆိုရင်လဲကိုယ်ရှာချင်တဲ့ဖုန်းရဲ့နေရာကို AR mode သုံးပြီးပိုတိကျတဲ့လမ်းညွှန် ချက်တွေယူနိုင်လာမှာဖြစ်ပါတယ်။
😎 OS recovery
iPhone တွေမှာ firmware restore လုပ်ဖို့အအတွက်ဆိုရင် computer တွေကိုအားကိုးနေရတုန်း ပါပဲ။ iOS 14 မှာတော့ OS recovery ဆိုတဲ့ feature ပါလာနိုင်ပြီး ဖုန်းကနေပဲ OTA နဲ့ ( လိုင်းပေါ်ကနေတိုက်ရိုက်) တင်တာ ဒါမှမဟုတ်တခြား iPhone iPad တွေကနေတစ်ဆင့် USB နဲ့ချိတ်ပြီး တင်တာမျိုးလုပ်လို့ရလာနိုင်ပါတယ်။ MacOS ရဲ့ Internet Recovery အလုပ်လုပ်သလိုမျိုးပါပဲ။
Ref; https://9to5mac.com/2020/06/06/ios-14-wwdc-2020-roundup-features/
#CreditTechnoland
#iOSTechnologies
#CreditTechnoland
#iOSTechnologies
No comments:
Post a Comment