Saturday, May 30, 2020
USB အကြောင်း သိကောင်းစရာ
USB ဆိုတာ Universal Serial Bus ကိုအတိုချုပ်ခေါ်ထားတာဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ကနေစတင်ပြီး Compaq, DEC, IBM, Intel, Microsoft, NEC နဲ့ Nortel စတဲ့ ကုမ္ပဏီတွေကနေအဆင့်ဆင့် ပြောင်းလဲဒီဇိုင်း ထုတ်ခဲ့တာဖြစ်ပါတယ်။ USB ကို ကွန်ပျူတာ ကိုချိတ်ဆက်မယ့် ကွန်ပျူတာဆက်စပ်ပစ္စည်းတွေနဲ့ သော်လည်းကောင်း (ဥပမာ - Keyboard, Mouse, Memory Stick, Phone)၊ DC လျှပ်စစ်ကိုအသုံးပြုရန်သော်လည်းကောင်း စံတစ်ခုအနေနဲ့တွဲဖက်သုံစွဲကြပါတယ်။ USB ကတော့အခုဆိုရင် USB 1.x, USB 2.x, USB 3.x (x= 1,2,3 စသည်) Generation ၃ ခုတိုင်ရောက်နေခဲ့ပြီး Type အနေနဲ့ဆိုရင်တော့ Type A, Type B, Type C စသဖြင့် ၃ မျိုးအထိရှိနေပါပြီ။ မြန်နှုန်းအနေနဲ့တော့ Full Speed, Hi-Speed နဲ့ Super-Speed ဆိုပြီးစျေးကွက်ထဲမှာခေါ်ဝေါ်သုံးစွဲလာကြပါတယ်။ USB ဆိုတာပေါ်ပေါက်လာတဲ့အဓိကရည်ရွယ်ချက်ကတော့ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းတွေသာမက ဖုန်းတွေကိုပါစံချိန် စံညွှန်းတစ်ခုအနေနဲ့ အလွယ်တကူချိတ်ဆက် အသုံးပြုလို့ရအောင် ဘုံအနေနဲ့ ဒီဇိုင်းလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အခုခေတ်မှာဆိုရင်တော့ IT နဲ့ပတ်သတ်တဲ့ ပစ္စည်းအားလုံးနီးပါးမှာ USB မပါဘူးဆိုတာမရှိသလောက်ဖြစ်နေပါပြီ။ 
USB 1.0 ဆိုရင်တော့ ၁၉၉၆ ကနေစတင်ပေါ်ပေါက်ခဲ့ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း 187.5 KB/s ကနေ Full Speed 1.5 MB/s အထိပျှမ်းမျှရရှိနိုင်ပါတယ်။ USB 1.0 မှာ Type A နဲ့ Type B ဆိုပြီး အဖြူရောင်ခေါင်းနဲ့ Standard Size အဖြစ်၂ မျိုးလာပါတယ်။ Printer တွေနဲ့ Scanner တွေမှာအများဆုံးတွေရပါတယ်။
USB 2.0 ဆိုရင်တော့ ၂၀၀၁ ခုနှစ်က ပေါ်ပေါက်ခဲ့တာဖြစ်ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း Hi-Speed 60 MB/s အထိရရှိနိုင်မှာဖြစ်ပါတယ်။ USB 2.0 မှာ Mini Type A နဲ့ Mini Type B ဆိုပြီးတော့ Mini အနေနဲ့ အသစ်ပေါ်ပေါက်လာပါတယ်။ နောက်ပိုင်းမှာ Android Phone တွေမှာခေတ်စားလာတဲ့ အားသွင်းခေါင်းပုံစံ Micro AB ဆိုပြီး USB OTG(USB On The Go) ဖုန်းနဲ့ Memory Stick ကိုထိုးသုံးလို့ရသည်အထိပေါ်ပေါက်လာပါတယ်။
USB 3.0 ကိုတော့ ၂၀၁၁ ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း 625 MB/s (Super Speed) အထိရရှိနိုင်တယ်လို့ဆိုပါတယ်။ USB 3.0 မှာ Type A နဲ့ Type B ဆိုပြီး များသောအားဖြင့် အပြာရောင်ခေါင်းနဲ့ Standard Size အပြင်  Micro B  ဆိုပြီးတော့ လည်း Micro Size နဲ့လာပါတယ်။ USB 3.0 Type B ကိုတော့ အခုနောက်ပိုင်းထွက်လာတဲ့ High End Printer တော်တော်များများမှာအသုံးပြုတာတွေ့ရပြီး Micro B ကိုတော့ အခုရေပန်းစားနေတဲ့ External Hard Disk တော်တော်များများမှာပါ၀င်လာပါတယ်။ Apple Device တွေမှာသုံးတဲ့ Thunderbolt တွေရဲ့ အစလို့လည်းပြောလို့ရပါတယ်။
USB 3.0 နောက်မှာလိုက်ပါလာတဲ့ USB 3.1 နဲ့ 3.2 ကိုတော့ 2014 နဲ့ 2017 မှာအသီးသီး ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ Data အကူးအပြောင်းအနေနဲ့တော့ မြန်နှုန်း 1.25 GB/s ကနေ 2.5(GB/s) အထိကိုရရှိနိုင်တယ်လို့ဆိုကြပါတယ်။ အခုဖုန်းတွေမှာခေတ်စားနေတဲ့ Type C ဆိုတာဖြစ်ပါတယ်။ ပုံစံအနေနဲ့ Full Duplex ဒီဇိုင်းတွေလာတဲ့အတွက် တပ်တဲ့အချိန်မှာ ဘက်ရွေးစရာမလိုပဲ တပ်လို့ရပါတယ်။
တစ်ခုရှိတာကတော့ USB ပါ၀င်တဲ့ တစ်ချို့ပစ္စည်းတွေနဲ့ Computer ချိတ်ဆက်အသုံးပြုတဲ့ အခါ Plug and Play မျိုးမဟုတ်ပဲ Computer System နဲ့ Hardware အချိတ်အဆက်ရစေဖို့ Driver မောင်းပေးရတာမျိုးရှိပါတယ် (ဥပမာ - Printer, ကွန်ပျူတာခေတ်နှောင်းပစ္စည်းတွေကို USB ခေါင်းပြောင်းနဲ့သုံးစွဲတဲ့အခါ)။
USB တွေကို Computer နဲ့ ချိတ်ဆက်သုံးစွဲရုံတင်မက ဖုန်းအားသွင်းတာ၊ DC လျှပ်စစ်လိုအပ်တဲ့ပစ္စည်းတွေကို Power ပေးတာစသဖြင့်အသုံးပြုကြပါတယ်။ DC Voltage ပေးတာအနေနဲ့တော့ အနည်းဆုံး 5 V ကနေစပြီးအများဆုံး 20 V အထိ၊ Current အနေနဲ့တော့ အနည်းဆုံး 100 mA ကနေ အများဆုံး 5A အထိ၊ Power အားသုံးစွဲမှုအနေနဲ့ အနည်းဆုံး 0.5 W ကနေ အများဆုံး 100 W အထိသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဖုန်းအားသွင်း Adapter အများစုကတော့ USB Power ပိုင်းမှာ Voltage 5 V, Current အနေနဲ့တော့ 1 A အနည်းဆုံးကနေ အလယ်အလတ် 2 A ကနေ 3 A အထိ, အမြင့် ဆုံး 5A အထိရရှိနိုင်မှာဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။
<Zawgyi>
************************
No comments:
Post a Comment
computer
Computer ထဲမှာစိုက်ထားတဲ့ RAM စစ်နည်း
Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထာ...