Tuesday, June 9, 2020

သင်သိထားသင့်သော ‌Password များအကြောင်း




မဂ်လာပါ။

♦️ ကျနော်တို့ ဒီနေ့ ဝေမျှပေးသွားမယ့် အကြောင်းအရာလေးကတော့ Password နဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးဘဲ ဖြစ်ပါတယ်။ ဒီနေ့ ခေတ်မှာ Password ဆိုတာက နေရာတကာမှာ တွေ့နေရတယ်။ မိတ်ဆွေသုံးနေတဲ့ ဖုန်း၊ ကွန်ပျုတာ စတာတွေ အပြင် Facebook, Instagram တို့မှာလည်း Password နဲ့ လွတ်ကင်းတယ် ဆိုတာ မရှိသလောက်ပါဘဲ။

♦️ ဒါ့ကြောင့် မိတ်ဆွေ အနေနဲ့ Password တွေရဲ့ သဘောသဘာဝကို နားလည်ထားမှ ရပါလိမ့်မယ်။ တော်ကီတွေများနေပြီ။ လိုရင်းဘဲ သွားလိုက်ကြရအောင်။ Password ပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုက လုံခြုံစေချင်လို့လေ။ သိုပေသိ။ ဖြစ်သလို၊ ပြီးပြီရော။ ပေးလိုက်လို့ မရပါဘူး။ ဆိုလိုတာက မိတ်ဆွေ Facebook Password ကို မိမိမွေးနေ့၊ မိမိကောင်မလေး မွေးနေ့၊ မိမိနာမည်၊ စတာမျိုးတွေ ပေးခြင်းကို ရှောင်ကြည်သင့်ပါတယ်။

♦️ ဘယ်လိုမျိုး ပေးရမလဲ? ကျနော် ပြောတဲ့ အတိုင်းသာ ပေးထားမယ်ဆိုရင် လက်ရှိထက် ပိုမိုလုံခြုံစေပါတယ်။ ၁၀၀% တော့ မဆိုလိုဘူးနော်။ Password တွေ ပေးမယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အချက် (၅) ချက်နဲ့ ပြည့်စုံရပါမယ်။

(1) Small Letters (စာလုံးအသေး)
(2) Capital Letters (စာလုံးအကြီး)
(3) Numbers (0 to 9)
(4) Alpha Numeric (!@#$%)
(5) At Least 8 Characters

♦️ ကဲ၊ တစ်ခုချင်းစီ ပြန်ရှင်းပေးမယ်။

(၁) Small Letters
မိမိ ပေးမယ့် Password ထဲတွင် စာလုံး အသေးတွေ ပါရမယ်။ တော်တော်များလည်း သုံးနေတဲ့အတွက်ကြောင့် ထွေထွေထူးထူး ပြောစရာမလိုတော့ပါဘူး။

(၂) Capital Letters
မိမိ ပေးမယ့် Password ထဲတွင် စာလုံး အကြီးတွေ ပါရမယ်။

(၃) Numbers
နံပါတ်တွေ ပါရမယ်။ ဥပမာအားဖြင့် 0,1,3,4,5,8 စတာတွေ ဖြစ်ပါတယ်။

(၄) Alpha Numeric
ဒီလို (! @ # $) မျိုးလေးတွေ ပါရမယ်။

(၅) At Least 8 Characters
မိမိ သတ်မှတ်မယ့် Password မှာ အနည်းဆုံး Password (8) လုံး ရှိရမယ်။

ဥပမာ - Password တစ်ခု ပေးပြပါမယ်။ ကျနော့် နာမည်သည် ကောင်းမြတ်ဖြစ်တဲ့ အတွက် ဒီနာမည်ကိုဘဲ အပေါ်မှာသုံးထားတဲ့ အချက်တွေနဲ့ ညီအောင် ပေးပြပါမယ်။

k@un5My@t

♦️ အပေါ်မှာ နမူနာ ပြထားတဲ့ Password မှာဆိုရင် အသေးစာလုံးလည်း ပါတယ်၊ အကြီး စာလုံးလည်း ပါတယ်။ ဂဏန်းတွေလည်း ပါတယ်။ Alpha Numeric တွေ လည်း ပါတယ်။ နောက်ပြီးတော့ Password စာလုံးရေ စုစုပေါင်း ၉ လုံးရှိပါတယ်။ ဒါဆိုရင်တော့ Strong ဖြစ်တဲ့ Password တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။

♦️ အထက်မှာ ပြောထားသလို 100% မဟုတ်တောင်ရင်တောင်မှ နဂိုထက်တော့ အများကြီး ပိုမိုလုံခြုံသွားစေပါတယ်။

♦️ မိတ်ဆွေရဲ့ ဝါသနာတူ သူငယ်ချင်းတွေ သိသွားအောင်လည်း Share သွားလိုက်ဦးနော်။

<Zawgyi>
သင္သိထားသင့္ေသာ ‌Password မ်ားအေၾကာင္း
================================

မဂ္လာပါ။

♦️ က်ေနာ္တို႔ ဒီေန႔ ေဝမွ်ေပးသြားမယ့္ အေၾကာင္းအရာေလးကေတာ့ Password နဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာေလးဘဲ ျဖစ္ပါတယ္။ ဒီေန႔ ေခတ္မွာ Password ဆိုတာက ေနရာတကာမွာ ေတြ႕ေနရတယ္။ မိတ္ေဆြသုံးေနတဲ့ ဖုန္း၊ ကြန္ပ်ဳတာ စတာေတြ အျပင္ Facebook, Instagram တို႔မွာလည္း Password နဲ႔ လြတ္ကင္းတယ္ ဆိုတာ မရွိသေလာက္ပါဘဲ။

♦️ ဒါ႔ေၾကာင့္ မိတ္ေဆြ အေနနဲ႔ Password ေတြရဲ႕ သေဘာသဘာဝကို နားလည္ထားမွ ရပါလိမ့္မယ္။ ေတာ္ကီေတြမ်ားေနၿပီ။ လိုရင္းဘဲ သြားလိုက္ၾကရေအာင္။ Password ေပးတယ္ဆိုတဲ့ ရည္ရြယ္ခ်က္ကိုက လုံၿခဳံေစခ်င္လို႔ေလ။ သိုေပသိ။ ျဖစ္သလို၊ ၿပီးၿပီေရာ။ ေပးလိုက္လို႔ မရပါဘူး။ ဆိုလိုတာက မိတ္ေဆြ Facebook Password ကို မိမိေမြးေန႔၊ မိမိေကာင္မေလး ေမြးေန႔၊ မိမိနာမည္၊ စတာမ်ိဳးေတြ ေပးျခင္းကို ေရွာင္ၾကည္သင့္ပါတယ္။

♦️ ဘယ္လိုမ်ိဳး ေပးရမလဲ? က်ေနာ္ ေျပာတဲ့ အတိုင္းသာ ေပးထားမယ္ဆိုရင္ လက္ရွိထက္ ပိုမိုလုံၿခဳံေစပါတယ္။ ၁၀၀% ေတာ့ မဆိုလိုဘူးေနာ္။ Password ေတြ ေပးမယ္ဆိုရင္ ေအာက္မွာ ေဖာ္ျပထားတဲ့ အခ်က္ (၅) ခ်က္နဲ႔ ျပည့္စုံရပါမယ္။

(1) Small Letters (စာလုံးအေသး)
(2) Capital Letters (စာလုံးအႀကီး)
(3) Numbers (0 to 9)
(4) Alpha Numeric (!@#$%)
(5) At Least 8 Characters

♦️ ကဲ၊ တစ္ခုခ်င္းစီ ျပန္ရွင္းေပးမယ္။

(၁) Small Letters
မိမိ ေပးမယ့္ Password ထဲတြင္ စာလုံး အေသးေတြ ပါရမယ္။ ေတာ္ေတာ္မ်ားလည္း သုံးေနတဲ့အတြက္ေၾကာင့္ ေထြေထြထူးထူး ေျပာစရာမလိုေတာ့ပါဘူး။

(၂) Capital Letters
မိမိ ေပးမယ့္ Password ထဲတြင္ စာလုံး အႀကီးေတြ ပါရမယ္။

(၃) Numbers
နံပါတ္ေတြ ပါရမယ္။ ဥပမာအားျဖင့္ 0,1,3,4,5,8 စတာေတြ ျဖစ္ပါတယ္။

(၄) Alpha Numeric
ဒီလို (! @ # $) မ်ိဳးေလးေတြ ပါရမယ္။

(၅) At Least 8 Characters
မိမိ သတ္မွတ္မယ့္ Password မွာ အနည္းဆုံး Password (8) လုံး ရွိရမယ္။

ဥပမာ - Password တစ္ခု ေပးျပပါမယ္။ က်ေနာ့္ နာမည္သည္ ေကာင္းျမတ္ျဖစ္တဲ့ အတြက္ ဒီနာမည္ကိုဘဲ အေပၚမွာသုံးထားတဲ့ အခ်က္ေတြနဲ႔ ညီေအာင္ ေပးျပပါမယ္။

k@un5My@t

♦️ အေပၚမွာ နမူနာ ျပထားတဲ့ Password မွာဆိုရင္ အေသးစာလုံးလည္း ပါတယ္၊ အႀကီး စာလုံးလည္း ပါတယ္။ ဂဏန္းေတြလည္း ပါတယ္။ Alpha Numeric ေတြ လည္း ပါတယ္။ ေနာက္ၿပီးေတာ့ Password စာလုံးေရ စုစုေပါင္း ၉ လုံးရွိပါတယ္။ ဒါဆိုရင္ေတာ့ Strong ျဖစ္တဲ့ Password တစ္ခုကို ရရွိမွာ ျဖစ္ပါတယ္။

♦️ အထက္မွာ ေျပာထားသလို 100% မဟုတ္ေတာင္ရင္ေတာင္မွ နဂိုထက္ေတာ့ အမ်ားႀကီး ပိုမိုလုံၿခဳံသြားေစပါတယ္။

♦️ မိတ္ေဆြရဲ႕ ဝါသနာတူ သူငယ္ခ်င္းေတြ သိသြားေအာင္လည္း Share သြားလိုက္ဦးေနာ္။

No comments:

Post a Comment

computer

Computer ထဲမှာစိုက်ထားတဲ့ RAM စစ်နည်း

Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထာ...