Sunday, June 21, 2020
Computer ထဲမှာစိုက်ထားတဲ့ RAM စစ်နည်း
Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထားတဲ့ RAM ကိုစစ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုစစ်ဆေးရမယ်ဆိုတာကို အခု Post မှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။
RAM အကြောင်းအကျဉ်းချုပ်ကိုသိချင်ရင်တော့အောက်ကဖော်ပြထားတဲ့ Link ထဲက Post မှာဖတ်ရှုနိုင်ပါတယ်။
Link – https://www.facebook.com/itworkshop.ygn/posts/175540147182456
Computer ထဲမှာစိုက်ထားတဲ့ RAM စစ်နည်းအဆင့်ဆင့်
၁။ ပထမဆုံး RAM စစ်ဖို့အတွက် Windows Key+R နှိပ်ပြီး Run box ခေါ်ပေးရပါမယ်။
၂။ Run box ထဲမှာ cmd လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် Command prompt box ကျလာမှာဖြစ်ပါတယ်။
- Computer ထဲမှာ RAM စိုက်လို့ရတဲ့ DIMM Slot ဘယ်လောက်ပါလဲကြည့်ချင်ရင် Command prompt box ထဲမှာ
wmic memphysical get memorydevices
လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် RAM စိုက်လို့ရတဲ့ Slot ဘယ်လောက်ပါလဲဆိုတာတွေ့ရမှာဖြစ်ပါတယ်။
- Computer ထဲက လက်ရှိစိုက်ပြီးအသုံးပြုနေတဲ့ RAM ရဲ့ Speed ကိုစစ်ချင်ရင် Command prompt box ထဲမှာ
wmic memorychip get speed
လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် Speed ဘယ်လောက်ရှိလဲဆိုတာကို MHz နဲ့ဖော်ပြမှာဖြစ်ပါတယ်။ (ဥပမာ - 1333, 1600, 2133, 2400)
ကိုယ့် Computer ထဲမှာ လက်ရှိစိုက်ထားတဲ့ RAM ရဲ့ Speed က 2400MHz ဆိုပါတော့။ နောက်ထပ် RAM တစ်ချောင်းထပ်စိုက်မယ်ဆိုရင် 2400MHz ကိုဝယ်ဖို့လိုပါတယ်။ 2400MHz မဟုတ်ပဲ 2133MHz ထပ်စိုက်ရင်တော့ Computer က Speed နည်းတဲ့ 2133MHz နဲ့ပဲအလုပ်လုပ်သွားမှာဖြစ်ပါတယ်။
တစ်ချို့ Computer တွေမှာ CPU ထဲမှာရှိတဲ့ Memory Controller က 2133MHz ပဲအထောက်အပံ့ပေးတယ်ဆိုရင်လည်း ကိုယ်က 2400MHz (၂) ချောင်းစိုက်ထားရင်တောင် 2133MHz နဲ့ပဲအလုပ်လုပ်မှာဖြစ်ပါတယ်။
- Computer ထဲမှာလက်ရှိစိုက်ထားတဲ့ RAM ကဘယ် DIMM Slot မှာစိုက်ထားလည်းကြည့်ချင်ရင် Command prompt box ထဲမှာ
wmic memorychip get devicelocator
လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် ကိုယ်စိုက်ထားတဲ့ RAM နေရာက DIMM A မှာလား၊ DIMM B မှာလားသိနိုင်မှာဖြစ်ပါတယ်။
- Computer ထဲမှာစိုက်ထားတဲ့ RAM အကြောင်းအလုံးစုံသိချင်တယ်ဆိုရင်တော့
wmic memorychip get banklabel,devicelocator,caption,capacity,speed
လို့ရိုက်ပြီး Enter နှိပ်လိုက်ရင် RAM ကို ဘယ် DIMM Slot မှာစိုက်ထားလဲ၊ Capacity (bytes) ဘယ်လောက်ရှိလဲ၊ Speed ဘယ်လောက်ရှိလဲဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။
IT Workshop ကနေ RAM Upgrade လုပ်တာနဲ့ပတ်သတ်ပြီး အကြံပြုချင်တာတစ်ခုရှိပါတယ်။
Computer ထဲမှာလက်ရှိစိုက်ထားတဲ့ RAM က DDR4 2400 4GB ဆိုပါစို့။ Computer ကို 8GB RAM ဖြစ်စေချင်ရင် ကိုယ်နောက်ထပ် Upgrade လုပ်မယ့် RAM ကလည်း DDR4 2400 4GB ပဲထပ်စိုက်တာကောင်းပါတယ်။ ထပ်စိုက်မယ့် RAM က Speed တူ၊ Capacity (GB) တူဖြစ်နေတာကပိုအဆင်ပြေပါတယ်။
ဒါပေမဲ့ ကိုယ်ကနောက်တစ်ချိန်မှာ 16GB အထိ RAM Upgrade လုပ်ဖို့ရှိရင်တော့ Computer ထဲမှာ စိုက်ထားတဲ့ RAM 4GB ကိုဖြုတ်ပြီး 8GB တစ်ချောင်းတည်းစိုက်တာကပိုသင့်တော်ပါတယ်။ အဲသည်လို 4GB ကိုဖြုတ်ပြီး‌ 8GB တစ်ချောင်းတည်းစိုက်လိုက်တာက နောက်တစ်ချိန်မှာ Computer ထဲကို 8GB ပြန်တိုးစိုက်လို့ ပိုအဆင်ပြေစေပါတယ်။
အားလုံးအဆင်ပြေကြပါစေ။
Crd- #ITWorkshop
Sunday, June 14, 2020
iPhone Second ဝယ်မယ်ဆိုရင်
iOS Device ကို တစ်ပါးသူလက်မှပြန်ဝယ်တော့မယ်ဆိုရင် စစ်ဆေးကြည့်ရမယ့်အချက်တွေတော်တော်များများရှိပါတယ်...
အောက်ပါအချက်အလက်များကို ငွေမချေမီ စစ်ဆေးပြီးမှသာ Second hand iOS Device များကိုဝယ်ယူစေလိုပါတယ်...
..
iCloud Activation Lock
.
~ ပထမဆုံးအရေးကြီးတာကတော့ iCloud Activation Lock Status Checker ကိုသွားရောက်ပြီးတော့ မိမိဝယ်ယူမယ့် Second Hand Devices ရဲ့ IMEI သို့မဟုတ် Serial number ကိုရေးထည့်ပြီး စစ်ဆေးဖို့လိုအပ်ပါမယ်... အဆိုပါ Link ကို Web နဲ့ Desktop Browser တွေကနေပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်....
.
*** IMEI number ကို Device ရဲ့ ကျောနောက်ဖက်အောက်ခြေ၊ Box နှင့် Settings App > General > About > IMEI စသည်တို့မှာ ကိုက်ညီမှုရှိ၊မရှိ စစ်ဆေးဖို့လဲ လိုအပ်ပါတယ် ***
..
..
Check Carrier Lock/SIM Lock
.
~ အချို့သောနိုင်ငံများမှာ Contract နဲ့ ဝယ်ယူထားတဲ့ iPhone များဟာဆိုရင် အဆိုပါဝယ်ယူထားတဲ့ Carrier SIM မှလွဲ၍ အခြားသော နိုင်ငံမှ SIM Card ထည့်သွင်းပြီးအသုံးပြုလို့မရပါဘူး...
.
*** အလွယ်ကူဆုံး စစ်ဆေးတဲ့နည်းကတော့ SIM Card ကိုထည့်ကြည့်လိုက်ပါ... Status Bar မှာ Network Name တွေ့ပြီး အသုံးပြုလို့ရတယ်ဆိုရင် Unlock ဖြစ်ပြီး "Insert a valid SIM card" ဟူသည့် Alert message တက်လာခဲ့ရင်တော့ Lock အလုံးဖြစ်ပါတယ် ***
..
..
Personal Data
.
~ ပြီးရင် အကြံပေးချင်တာကတော့ ရောင်းမယ့်သူရဲ့ Data တွေ Device ထဲမှာ မရှိနေစေဖို့အတွက်သေချာ၊မသေချာ စစ်ဆေးပါ...
Settings App > General > Reset > Erase All Content and Settings ကိုနှိပ်ပြီး ခနလောက်စောင့်ပေးလိုက်ပါ..
..
..
Check the Casing
.
~ Device ရဲ့ Casing မှာ အနာအဆာရှိမရှိစစ်ဆေးပါ . . . ဘာကြောင့်လဲဆိုတော့ သင်ဝယ်ရမယ့်ဈေးနဲ့ Device မှာ ထိခိုက်မှုတခုခုရှိနေခဲ့ရင် နစ်နာစေပါလိမ့်မယ်...
..
..
Accessories
.
~ Lighting Cable, Wall-plug နဲ့ Ear-piece တွေရဲ့သန့်ရှင်းမှု နဲ့ ကောင်းမွန်စွာအလုပ် လုပ်၊မလုပ် စစ်ဆေးပါ...
.
*** Portable charging device တခုခုယူဆောင်သွားကာ Lightning Cable အလုပ်လုပ်၊မလုပ်ကိုအလွယ်စစ်ဆေးနိုင်ပေမယ့် Wall-plug ကိုတော့ Plug မရှိရင် စစ်ဆေးဖို့လွယ်ကူမှာမဟုတ်ပါဘူး...
Wall-plug ကတော်ရုံနဲ့တော့မပျက်စီးနိုင်ပါဘူး..
Ear-piece ကိုစစ်ဆေးမယ်ဆိုရင် Device ဟာ Reset လုပ်ထားမှာဖြစ်တဲ့အတွက် Music App မှာသီချင်းရှိနေနိုင်မှာမဟုတ်ပါဘူး... အလွယ်ဆုံးနည်းကတော့ SoundCloud သိ့ုမဟုတ် YouTube ကို Safari App မှဝင်ရောက်ကာ တခုခုဖွင့်ကာ စမ်းနိုင်ပါတယ်...
Mic ကိုစစ်ဆေးဖို့နည်းလမ်းကတေ့ာ မိမိအသိ၊ သူငယ်ချင်းများဆီကို ဖုန်းခေါ်ခြင်းဖြင့် စမ်းသပ်နိုင်တဲ့အပြင် Siri နဲ့လဲစမ်းနိုင်ပါတယ် ***
..
..
Battery Life
.
~ Battery သက်တမ်းကိုတချက်စစ်ကြည့်ပါ .. Device ကို Sim card ထည့်ပြီး Activate လုပ်ကာ Cellular Data (3G/LTE/4G) ဖွင့်၊ Location Service ဖွင့်ပြီး ၅မိနစ် ၁၀မိနစ်ခန့်သုံးကာ စစ်ဆေးကြည့်ပါ... ပုံမှန်ထက်ပိုမိုလွန်ကဲစွာ Battery စားနေရင် ဝယ်ယူဖို့ ပြန်လည်သုံးသပ်သင့်ပါတယ်...
.
*** Battery မကောင်းတော့လို့ လဲမယ်ဆိုရင်လဲ ယနေ့အခါမှာတော့ ဆိုင်တော်တော်များများ Model အလိုက်ဈေးများနဲ့ ရှေးယခင်ကလို မရှားပါးတော့ပါဘူး ***
..
..
Liquid Damage
.
~ Water Damage ရှိမရှိစစ်ဆေးဖို့ကလဲ အရေးကြီးပါတယ်... Liquid Contact Indicators (LCI) လို့ခေါ်တဲ့ ရေထိ၊ရေဝင်ထားမှုကိုပြသပေးနိုင်တဲ့ Sticker type small indicator ဟာ iOS Devices တွေမှာ ပါဝင်ပါတယ်... ပုံမှန် LCI ဟာ အဖြူရောင်သာဖြစ်ပြီး Liquid Damage ထိထားတဲ့ Device ဆိုရင် အဆိုပါ LCI ဟာ အနီရောင်သို့ပြောင်းနေမှာဖြစ်ပါတယ်.. Liquid Damage ဖြစ်ထားတဲ့ Device တွေဟာ ဘယ်လောက်ကြာကြာ ရေထိ၊ ရေဝင်ထားလဲပေါ်မူတည်ပြီး ပျက်စီးမှုကိုဖြစ်ပေါ်စေပါတယ်...
.
Liquid Damage ဖြစ်ထားတယ်ဆိုရင် LCD (Screen) fault, Home Button Failure, Power Button Failure, Volume button Failure, Mute Button Failure, Power docks and pins damage, Short Circuit, Battery Failure, IC Power flow, Main Board component damage, Camera and Wifi chip damage တို့အပြင် အခြားသောအရာများလဲ ထိခိုက်စေနိုင်မယ်လို့ Apple မှ ရှင်းပြထားတာတွေ့ရပါတယ်...
.
*** Liquid Damage ဖြစ်ထားတဲ့ Device ကို Apple Service မှာ ပြန်လည်ပြုပြင်တဲ့အခါမှာတော့ ကျသင့်ငွေကို Customer ဖက်မှပေးချေရမှာဖြစ်ပါတယ်... AppleCare Protection Plan (APP) ရှိနေသည့်တိုင် Liquid Damage ဖြစ်ထားတယ်ဆိုရင်တော့ တာဝန်ယူမှာမဟုတ်ပါဘူး.. ပြုပြင်ပြီးတဲ့ Device များကိုတော့ LCI အသစ်ပြန်လည်တပ်ပေးလိုက်မှာဖြစ်ပြီး Apple Service မဟုတ်တဲ့ ပြင်ပမှ Phone Repair & Service များမှာတော့ LCI အသစ်ကိုပြန်လည်တပ်ပေးခြင်းရှိ၊မရှိသေချာစွာမသိပါ ***
.
 +++++++++++++++++++
NEXT...
iPhone second hand များ ဝယ်ယူမည်ဆိုလျင် စစ်ဆေးရမည့် အချက်များ
----------------------------------------
၁. phone ရဲ့ body ပိုင်းကို အရင် စစ်ဆေးပါ အပွန်း အစင်း အနာအဆာ body ဖြောင့်တန်းနေသလား ကွေးသေ လား အနာပါလျင်လည်း လွတ်ကျ ထားတာလား cover တပ် ထားလို့လား Power key / Volume key / vibrate key / စသည့် key များကို စစ်ဆေးပါ။
၂. sensor တွေ စစ်ဆေးရပါမယ် နား sensor အလုပ် လုပ်မလုပ် finger print sensor အလုပ် လုပ်မလုပ်။ (5s and later)
၃. charger ပေါက် အားသွင်း လျင် ဝင်မဝင် computer နဲ့ ချိတ်ဆက်ပြီတော့ detect သိမသိစစ်ရပါမယ် Earpod အပေါက် အလုပ် လုပ်မလုပ် နားကြပ်ထိုးပြီးစစ်ပါ။
၄. camera ပိုင်း စစ်ဆေးပါ camra သီး တည့်မတည့် Resolution ကြည်မကြည် flash မီးလင်းမလင်း စစ်ဆေးပါ။
၅. ပစ္စည်း မှန် မမှန် or body မှန် မမှန်စစ်ဆေးပါ setting >general > About ထဲက imei နဲ့ body နောက်ကျောဘက်မှာ ပါတဲ့ imei နဲ့ box မှာ ပါတယ် imei များ ထပ်တူဖြစ်နေရပါမည်။
၆. lcd ကောင်း မကောင်း ကြွမကြွ စစ်ဆေးပါ lcd မှာ အစစ်ပျောက်များ စစ်ဆေးပါ lcd ကို အနည်းငယ်ဖိ၍ flim ပြာနှင့် ကပ်မကပ်စစ်ဆေးပါ screen rotation ရမရ စစ်ဆေးပါ brightness အလင်းအမှောင်း စသည့်များ စစ်ဆေးပါ။
၇. touch ကောင်းမကောင်း စစ်ဆေးပါ app တစ်ခုကိုဖိလျပ် touch screen ရဲ့နေရာတိုင်း ကို ပွတ် ဆွဲပါ touch မကောင်းတဲ့နေရာဆို အဲဒီ app က ဆက်၍ ဆွဲလို့မရဘဲ နေခဲ့ပါလိမ့်မယ်။
၈. network ပိုင်းတွေစစ်ဆေးပါ wifi bluetooth cellular data 3g 2g gps location service Compass အလုပ် လုပ်မလုပ် စသည့် စနစ်များ။
၉. mic / ring speaker / နား speaker စသည့် အသံပိုင်းဆိုင် \ရာ အချက်အလက်များ စစ်ဆေးပါ။
၁၀. icloud ရှိမရှိစစ်ဆေးပါ www.icloud.com/activation မှာ imei ရိုက်ပြီးစစ်ဆေးပါ။ (icloud စစ်နည်းကတော့ အမျိုးမျိုးရှိပါတယ်)
၁၁. ဘယ်နိုင်ငံ export လဲ သိချင်ရင်တော့ Setting > general > about ထဲက model ဆိုတာတွေအောင် ရှာပါ နောက်ဆုံးက letters သုံးလုံကိုကြည့်ပါ ZP/A . ZA/A LL/A စသည့်တို့သည့် export နိုင်ငံများကိုသတ်မှတ်ထားသည် letters များဖြစ်သည်။
၁၂. battery အားစား မစား စစ်ပါ Battery % on ထားပြီ ဖုန်းကို 10 မိနစ်လောက်စောင်ပြီးကြည့် % ဘယ်လောက်လျော့သွားလည်းဆိုတာ။ မှတ်ချက်။ ။ စက်ပူမပူ စမ်းကြည့်ပါ။
==============
အကြောင်းကြောင်းကြောင့် တပါးသူသုံးစွဲပြီးသား iPhone တစ်လုံးကို ဝယ်ယူမည့် မိတ်ဆွေများအတွက် အဝယ်မမှားရလေအောင် မဝယ်ခင်စစ်ဆေးသင့်သည်များကို မျှဝေလိုက်ရပါတယ်။
IMEI Number စစ်ပါ။
=======
IMEI number ဆိုတာက Setting > General > IMEI ဆိုတဲ့နေရာမှာ ဂဏန်း 15 လုံးပါ။ SIM Card ထည့်တဲ့ အိမ်မှာလည်းပါပါတယ်။ Setting > General > IMEI နဲ့ SIM Tray မှာပါတဲ့ IMEI တူမတူ စစ်ပါ။ ဒါမှမဟုတ် *#06# ရိုက်၍ကြည့်ပါ။ တူညီမှုရှိမနေဘူးဆိုရင် Mother board လဲထားတာသော်လည်းကောင်း SIM tray လဲထားတာသော်လည်းကောင်းဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ Setting က IMEI နဲ့ SIM tray က IMEI မတူရင် မဝယ်သင့်ပါဘူး။ Main board ပိုင်းပြုပြင်ထားတာဆို စိတ်မချရလို့ပါ။
(iPhone Xs, Xs Max, XR eSIM များတွင် First IMEI နှင့် Second IMEI ဆိုပြီး ၂ ခုရှိပါတယ်။ အဓိက ကြည့်ရမှာက First IMEI (*#06# ရိုက်၍ပေါ်လာသော IMEI) ပါ။)
Model Number စစ်ပါ။
============
မိမိတို့ဝယ်လိုက်တဲ့ iPhone ဟာ Original လား၊ Refurbished လား၊ Replacement လား သိဖို့လိုအပ်ပါတယ်။ Refurbished ဆိုတာ တစ်စုံတစ်ရာ ချွတ်ယွင်းချက်ရှိသော iPhone များကို Apple မှ ပြန်လည်ပြုပြင်၍ Warranty ဖြင့်ရောင်းချပေးသော iPhone များကိုခေါ်ပါတယ်။ Replacement ကတော့ Warranty ကာလအတွင်း ချွတ်ယွင်းချက်တစ်စုံတစ်ရာရှိသည့် iPhone များအစား အသစ်လဲပေးသော iPhone ကိုဆိုပါတယ်။ မိမိတို့ ဝယ်တော့မယ့် iPhone အဟောင်းဟာ အဟောင်းဆိုပေသော်ငြာလည်း Original အဟောင်းဖြစ်မယ်ဆိုရင်တော့ အသင့်တော်ဆုံးလို့ ဆိုနိုင်ပါတယ်။ ဘယ်လိုစစ်ဆေးမလဲဆိုတော့ Setting > General > Model မှာရှိတဲ့ number လေးများကို စစ်ပါ။ ဥပမာ - ME335LL/A ဆိုတာမျိုး ဂဏန်းလေးပါ။ ၎င်း ဂဏန်းလေးဟာ M နဲ့စရင် Original set ၊ F နဲ့စရင် Refurbished ၊ N နဲ့စရင်တော့ Replacement ပါ။
ဖွင့်ပြင်ထားခြင်းရှိ မရှိစစ်ပါ။
============
Mother board ပိုင်းဆိုင်ရာများ ပြုပြင်ထားသည့် iPhone အဟောင်းများဟာ သင့်အတွက် ပိုက်ဘောမိနိုင်ပါတယ်။ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ဗုံးတစ်လုံးလို ဘယ်အချိန်မှာထဖောက်မယ်မသိတဲ့ ရောဂါသယ်ကိုလင်တော်ထားရသလို ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင်ဝယ်တော့မယ့် iPhone ကို ဖွင့်ပြင်ဖူးထားခြင်းရှိ၊ မရှိသေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ ဘယ်လိုစစ်ရမလဲဆို ဝက်အူခေါင်းလေးတွေဟာ အရာလေးတွေရှိလား၊ မှန်တွေက ဟနေလား စတဲ့အခြေအနလေးတွေကို သေသေချာချာလေး စစ်ပေးဖို့လိုပါတယ်။ အရာအယွင်းတစ်ခုခုရှိနေရင်တော့ ဖွင့်ထားထာဖြစ်ဖို့ သေချာသလောက်ပါပဲ။ ဒါပေမယ့် သတိထားရမှာလေးကတော့ တချို့က ဖွင့်ထားပေမယ့် သေသေသပ်သပ်နဲ့ပြန်တပ်ထားတယ်၊ ဝက်အူတွေကိုလည်း အသစ်လဲတပ်ပေးထားတယ်ဆိုရင်တော့ တော်တော်လေးကို စစ်ဆေးဖို့ ခက်လှပါတယ်။
ရေဝင်ထားခြင်း ရှိ/မရှိစစ်ပါ။
===============
အနည်းငယ်သော ရေ(သို့မဟုတ်)အရည်တမျိုးမျိုး ဝင်သွားခဲ့တာရှိရင် ကံကောင်းထောက်မစွာနဲ့ ဖုန်းရဲ့လုပ်ငန်းဆောင်တာတွေ ချက်ခြင်းထိခိုက်သွားတာမျိုး မတွေ့မြင်တာ ရှိတတ်ပါတယ်။ နောက်ပိုင်းကျရင်တော့ ဒီအကျိုးဆက်ကြောင့် အချိန်မရွေး error တက်နိုင်ချေရှိပါတယ်။ ဒါကြောင့် iPhone အဟောင်းဝယ်တော့မယ်ဆို ရေဝင်ထားခြင်း ရှိ/မရှိ မဝယ်ခင်ကတည်းက မေးမြန်းဖို့လိုသလို မိမိတို့ကိုယ်တိုင်လည်း စစ်ဆေးသင့်ပါတယ်။ ဘယ်လိုစစ်ကြည့်ရမလဲဆိုရင် SIM tray ထည့်သည့်အပေါက်အတွင်းပိုင်းမှာ Liquid Contact Indicator(LCI) လေးရှိပါတယ်။ အဲ့တာလေးကို ကြည့်ပြီး စစ်ပါ။ ၎င်း Indicator လေးဟာ အနီရောင်လေး ဖြစ်နေမယ်ဆိုရင်တော့ ရေဝင်ထားတာပါ။ ဒီလို iPhone ဆိုရင်တော့ မဝယ်ပါနဲ့။
Screen & Touch ကောင်းမကောင်း စစ်ပါ။
================
ဖုန်းရဲ့ Screen display ဟာ အနာအဆာကင်းရဲ့လား၊ ကောင်းကောင်းမွန်မွန်အလုပ်လုပ်ရဲ့လား စစ်ပါ။ Screen ပေါ်မှာ tempered glass ကပ်ထားရင် ခွာပြီးစစ်ပါ။ Screen ရဲ့ အရောင်တွေက မှန်ရဲ့လား၊ အလင်းပေါက်တာတွေ၊ အစင်းတွေ အစက်တွေရှိလား၊ စတာတွေသေချာစစ်ပါ။ နောက်ပြီး အလင်းအမှောင်ဟာ မှန်ရဲကလား။ အမည်းရောင် စစ်စစ် Screen နဲ့ အဖြူရောင်စစ်စစ်နောက်ခံတွေနဲ့စစ်ကြည့်ပါ။ ဒီ http://iphonedpt.awardspace.com မှာအလွယ်တကူစစ်နိုင်ပါတယ်။
Touch တွေဟာ ဆွဲလို့ကောင်းရဲ့လား။ 3D Touch ပါတဲ့ဖုန်းတွေဆို 3D Touch ရမရ စတာတွေ သေချာစစ်ပါ။ ဘယ်လိုစစ်ရမလဲဆိုတော့ AssistiveTouch အဝိုင်းလေးကို screen တလျောက်ဖိဆွဲရွေ့လျား၍ စစ်ဆေးကြည့်ပါ။
Finger Print ရမရ၊ FaceID ရမရစစ်ပါ။
===========
5s ကနေ 8 Plus ထိက Finger Print ပါပါတယ်။ iPhone X နဲ့အထက် iPhone တွေကတော့ Finger Print အစား FaceID ကိုသုံးပါတယ်။ သက်ဆိုင် iPhone model တွေမှာ Finger Print ရမရ၊ FaceID ရမရ စစ်ပါ။ မရရင် မဝယ်တာကောင်းပါတယ်။
Camera တွေစစ်ပါ။
===========
Camera ရဲ့ အရည်အသွေးတွေဟာ iPhone model တွေအလိုက် တူညီနေတာတော့မဟုတ်ပါဘူး။ သာမာန် စစ်ရိုးစစ်စဉ်များအတိုင်း camera တွေရိုက်ကြည့်ပါ။ ပုံထွက်တွေကို စစ်ကြည့်ပါ။ Camera ရိုက်တာဝါသနာ ပါသူတွေဆို ကျနော့်ထက်တောင် ပိုနားလည်နိုင်ပါတယ်။ iPhone 7 Plus, 8 Plus, X, XR, XS, XS Max စတာတွေဆို Portrait mode လည်းပါဝင်လို့ Portrait ရမရလည်း စစ်ဖို့လိုပါတယ်။
Camera Zoom ဆွဲတာဟာ အဆင်ပြေရဲ့လားလည်း စစ်ဖို့လိုပါတယ်။ Portrait ပါတဲ့ ဖုန်းတွေမှာတော့ Optical zoom နဲ့ digital zoom ၂ မျိုးရှိပါတယ်။ နောက်ပြီး Camera Flash မီး လင်းမလင်းလည်း စစ်ပါ။
Battery စွမ်းဆောင်ရည် အခြေအနေစစ်ပါ။
================
Battery စွမ်းရည် အခြေအနေစစ်ရတာက မလွယ်လှပါဘူး။ နာရီဝက်၊ တစ်နာရီလောက် အသုံးပြုပြီး လျော့ကျသွားတဲ့ Battery percentage အခြေအနေကြည့်ပြီးပဲ စစ်တာဟာ အကောင်းဆုံးပါပဲ။ တစ်နာရီလောက်ဖွင့်ပြီး မနားတမ်းသုံးကြည့်တာမှာ ၁၅% မှ ၂၅% လောက်ထိများ ဘက်ထရီလျော့သွားမယ်ဆို battery ရဲ့ Power က တော်တော်ကျနေပြီလို့ ဆိုနိုင်ပါတယ်။ နောက်ပြီး Battery ဟာ ပူလာသလားလည်း ဂရုစိုက်ပါ။
WiFi, Bluetooth, Hotspot, GPS တွေစစ်ပါ။
==================
WiFi, Bluetooth, Hotspot တွေပွင့်ရဲ့လား၊ GPS က သုံးလို့ရရဲ့လားတွေလည်း စစ်ဖို့လိုပါတယ်။ Setting မှာ WiFi, Bluetooth စတာတွေရှိပါတယ်။ GPS စစ်တာကတော့ Setting > Privacy > Location Service ကို ON ပြီးစစ်ကြည့်ပါ။ အလွယ်ကူဆုံး စစ်တာကတော့ location service မှာ facebook ကိုလည်း location access ပေးပြီး မိမိရောက်နေတဲ့ နေရာကို Check in ထောက်ကြည့်လိုက်ပါ။ ရတယ်ဆိုရင်တော့ GPS လည်းကောင်းပါတယ်။
Headphone တို့၊ Charging Ports တို့ကိုလည်းစစ်ပါ။
================
6 Plus ထိကတော့ Headphone ရော Charging Ports ရောပါပါတယ်။ 7 နဲ့အထက်ကတော့ Charging Ports တစ်ခုတည်းမှာပဲ အလုပ် ၂ ခုလုပ်ပါတယ်။ ၎င်း Ports တွေကို ကောင်းမကောင်း၊ နားကြပ်တပ်ပြီးစစ်ပါ။ အားသွင်းကြည့်၍လည်း စစ်ပါ။
Home Button တွေ Power Button တွေ Volume Up/Down Button တွေ စစ်ပါ။
=================
iPhone X နဲ့ အထက် iPhone တွေမှာတော့ Home Button ကပါမှာမဟုတ်ပါဘူး။ Button တွေအားလုံးကို ကောင်းကောင်းအလုပ်လုပ်ရဲ့လားလည်း သေချာစစ်ပါ။ ချောင်နေလား၊ လှူပ်နေလား၊ မာနေလား စတာတွေလည်း စစ်ပါ။
Speaker ကိုလည်း စစ်ပါ။
==========
Video ဖွင့်ပြီးသော်လည်းကောင်း သီချင်းတစ်ခုခုဖွင့်ပြီးသော်လည်းကောင်း အသံကိုစစ်ပါ။ ဖုန်းခေါ်၍လည်း စစ်ပါ။ ကိုယ့်ဘက်ကရော တခြားဘက်ကပါ ကောင်းကောင်းကြားမကြား သေချာစစ်ပါ။ နောက်ပြီး Viber, messenger တွေမှလည်း video calling လုပ်ပြီး အသံ အဆင်ပြေရဲ့လား စစ်ပါ။ Voice Recorder App ကိုဖွင့်ပြီး အသံဖမ်းကြည့်ပါ။ ပြီးရင် Play လုပ်ပြီး အသံစစ်ကြည့်ပါ။
Call quality လည်းစစ်ပါ။
==========
အပေါ်မှာ Speaker စစ်သလိုမျိုး ဖုန်းခေါ်၍စစ်ပါ။ ဖုန်းပြောဆိုတဲ့အခါ ဟိုဘက်ရော ဒီဘက်ပါ အသံက ကောင်းမကောင်း စစ်ပါ။ ဒါအပြင် ဖုန်းလိုင်းက ကောင်းစွာတက်ရဲ့လား စစ်ပါ။ ဖြစ်နိုင်လျှင် Myanmar ပြည်မှာ အသုံးပြုတဲ့SIM Card အစုံနဲ့ ထည့်၍ စစ်ပါ။
Body အနာအဆာ စစ်ပါ။
===========
ဒါတော့ လူတိုင်းစစ်ကြမယ်လို့ထင်ပါတယ်။ အပြင်ပန်းအခြေအနေက လန်းရဲ့လား၊ အနာအဆာကင်းရဲ့လား၊ Original body ဟုတ်ရဲ့လား စစ်သင့်ပါတယ်။ Original body ဟုတ် မဟုတ်ကတော့ ဖွင့်ထားတာရှိမရှိ ကြည့်ပြီး မေးသင့်ပါတယ်။ ဝက်အူခေါင်းလေးတွေမှာ အရာလေးတွေထင်နေတယ်၊ မှန်က အနည်းငယ်ဟနေတယ် .. စတဲ့အခြေအနေတွေကြည့်ပြီး ဖွင့်ထားခြင်း ရှိမရှိက ခန့်မှန်းကြည့်နိုင်ပါတယ်။
Warranty စစ်ပါ။
===========
သင်ဝယ်တော့မယ့် iPhone ဟာ အဟောင်းဆိုတော့လည်း Warranty က မရှိဖို့များမှာပါ။ ဒါပေမယ့် တချို့တွေက Warranty ဘယ်လောက်ကျန်သေးတယ် ဆိုပြီးပြောရောင်းကြတာရှိတတ်ပါတယ်။ ဒီလိုပြောရောင်းခဲ့ရင်တော့ Warranty စစ်ဖို့လိုပါတယ်။ ဘယ်လိုစစ်ရလဲဆိုရင် https://checkcoverage.apple.com/ သို့သွားပြီး imei ရိုက်ထည့်စစ်ဆေးရတာပါ။
Stolen လား၊ iCloud Lock လား၊ SIM Locked လား စစ်ပါ။
================
လိုရမယ်ရပြောတာပါ။ iCloud Locked ကျနေတဲ့ဖုန်းကတော့ ဖွင့်ပြီး စစ်လို့လည်းရမှာမဟုတ်ပါဘူး။ SIM Locked ကတော့ ဖွင့်လို့ရတယ်။ ဖုန်းလိုင်းမတက်တာပဲရှိပါမယ်။ iCloud ကျနေတယ်၊ ဖွင့်မရဘူး၊ လိုင်းမတက်ဘူး၊ ဖုန်းပြောလို့မရဘူးဆိုရင်တော့ ဘယ်သူမှဝယ်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် တချို့တွေရှိတတ်ပါတယ်။ iCloud ကျတာ၊ SIM Locked ကျတာ တွေက ဖြည်လိုက်လို့ရတယ်။ သိပ်မကုန်ပါဘူး။ ဒီလိုပြောရောင်းတဲ့သူတွေရှိတတ်ပါတယ်။ လုံးဝမဝယ်မိပါစေနဲ့။
iCloud Locked လား၊ SIM Locked လား၊ Stolen လား စတဲ့အခြေအနေတွေ သိနိုင်ဖို့အတွက် https://iunlocker.net/check_imei.php သို့သွားပြီး imei ရိုက်ထည့်၍ စစ်ဆေးနိုင်ပါတယ်။ ဒီလိုစစ်ဆေးကြည့်လိုက်တဲ့အခါမှ Stolen လား, SIM Locked လား, iCloud လား ဆိုတာကို ကွဲကွဲပြားပြားသိရမှာပါ။
Reset ဆောင်ရွက်ပါ။
=============
အားလုံး စစ်ဆေးလို့ အဆင်ပြေပြီဆို နောက်ဆုံးအနေနဲ့ ဆောင်ရွက်ရမှာကတော့ Erase All Content and Settings ဆိုပြီး ဖုန်းရဲ့ Setting အားလုံးကို Reset ချပစ်ပါ။ Setting > General > Erase All Content and Settings ပါ။
နောက်တစ်ကြိမ် ထပ်မံစစ်ဆေးပါ။
==============
Reset ချပြီးသွားလျှင်တော့ အပေါ်မှာဖော်ပြထားသည်များအတိုင်း နောက်တစ်ကြိမ် ထပ်မံစစ်ဆေးပါ။ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးပြီးလို့ အဆင်ပြေပြီဆိုရင်တော့ ဝယ်လို့ရပါပြီ။
စစ်ဆေးရမည့်အပိုင်းများကို အကျဉ်းအနေဖြင့် ထပ်မံပြောပြပါ့မည်။
(1) IMEI Number စစ်ပါ။
(2) Model Number စစ်ပါ။
(3) ဖွင့်ပြင်ထားခြင်းရှိ မရှိစစ်ပါ။
(4) ရေဝင်ထားခြင်း ရှိ/မရှိစစ်ပါ။
(5) Screen & Touch ကောင်းမကောင်း စစ်ပါ။
(6) Finger Print ရမရ၊ FaceID ရမရစစ်ပါ။
(7) Camera တွေစစ်ပါ။
(8) Battery စွမ်းဆောင်ရည် အခြေအနေစစ်ပါ။
(9) WiFi, Bluetooth, Hotspot, GPS တွေစစ်ပါ။
(10) Headphone တို့၊ Charging Ports တို့ကိုလည်းစစ်ပါ။
(11) Home Button တွေ Power Button တွေ Volume Up/Down Button တွေ စစ်ပါ။
(12) Speaker ကိုလည်း စစ်ပါ။
(13) Call quality လည်းစစ်ပါ။
(14) Body အနာအဆာ စစ်ပါ။
(15) Reset ဆောင်ရွက်ပါ။
(16) ဒုတိယအကြိမ် ထပ်မံစစ်ဆေးပါ။
Next>>>
iPhone ဝယ်မည်ဆိုပါက စစ်ဆေးနည်းများ
*******************************
နည်းပညာများအား Share ပေးခြင်းဖြင့်ကူညီပါ။
iPhone ဝယ်မည်ဆိုပါကသိထားသင့်သောအရာ
👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻👇🏻
1 - iPh တွင် Original ပါသော Clock App လေးကိုကြည့်ပါ စက္ကန့်တံလေးသွားနေရပါမည်(သံပါတ်နာရီများကဲ့သို့)။(Clone တချို့တွင် စက္ကန့်တံလေးသွားနေသော်လည်း သံပါတ်နာရီများကဲ့သို့ ဆက်တိုက်မဟုတ်ပဲ ဓာတ်ခဲနာရီကဲ့သို့ တစ်စက္ကန့်ချင်း ရပ်လိုက်သွားလိုက်သွားပါသည်)။
2 - မိမိဝယ်ယူမည့် iPh ထဲသို့ SIM card ထည့်ပြီး
" *#5005*7672# " ကိုဖုန်းခေါ်လိုက်ပါ Message Center No ပေါ်ရပါမည်။(Clone များမှာမပေါ်ပါ)
3 - *** iCloud (Find My iPhone) on ထားခြင်း ရှိမရှိစစ်ဆေးပါ *** iCloud ရှိမရှိစစ်ဆေးရန်အတွက်မိမိဝယ်ယူမည့် iPhone မှ imei နံပါတ်လိုအပ်ပါတယ် imei နံပါတ်ကို Dialer မှာ *#06# ကိုနှိပ်ပြီးကြည့်ပါ (သို့) Setting > General > About > imei ကိုကြည့်ပါ (imei နံပါတ် 15လုံးရှိပါသည်) ရရှိလာတဲ့ imei နံပါတ် 15လုံးကို ဒီလင့်လေးမှာ ရိုက်ထည့်ပါ > https://www.icloud.com/activationlock/
4 - မိမိဝယ်ယူမယ့် iPh ဟာ Official Unlocked (Sim Unlocked) (or) Sim Lockedလားသိဖို့လိုအပ်ပါတယ်
မိမိဝယ်ယူမယ့် iPh က Sim locked ဟုတ်မဟုတ်" imei နဲ့ " ဒီလင့်လေးကစစ်နိုင်ပါတယ် > http://imeidata.net/iphone/unlock-check
***Official Unlocked ဆိုရင်တော့ မည်သည့်နိုင်ငံက Simcard မဆိုအသုံးပြုနိုင်ပါတယ်
***Sim locked ဆိုရင်တော့ အဲ့ဒီ iPh ဝယ်ယူခဲ့တဲ့ နိုင်ငံက Simcard ဖြင့်သာအသုံးပြုနိုင်မှာပါ (Sim Locked ဖုန်းအလုံးတိုင်းမဟုတ်ပဲ တစ်ချို့Sim Lockedဖုန်းများကိုလည်း Gevey Sim လေးကြားခံထည့်ပြီးအခြားနိုင်ငံမှSimcard များအသုံးပြုနိုင်အောင်ပြုလုပ်နိုင်ပါတယ် (သို့) Online မှ Carrier ကိုလျော်ကြေးငွေပေးသွင်းပြီး Official Unlocked ဖြစ်သွားအောင်ပြုလုပ်နိုင်ပါတယ်)
1•App Store ကို ဝင်လိုက်၊ google account တောင်းနေရင် Clone ပါ၊
2•Music ကို ဝင်လိုက်၊ Sportify ဝင်ခိုင်းရင် Clone ပါ။
3•Home Button ကို ၂ ချက်ဆက်နှိပ်လိုက်၊ Multitasking လုပ်မရရင် Clone ပဲ။
4•Clock ကိုကြည့်လိုက်၊ နာရီလက်တံက Swipe မဟုတ်ရင် Clone ပဲ။
5• Home Page ကို ဖွင့်ပြီး Home Button လေးကို တို့ကြည့်လိုက်၊ Application Icons တွေ Screen ရဲ့ တဝက်လောက်ထိ အပေါ်တက်-
အောက်ဆင်း မလုပ်ဘူးဆိုရင် အဲ့ဒါ Clone ပဲ။
အဲ့လောက်စမ်းသပ်လိုက်ရင်ပဲအရမ်းသိသာနေပြီ။
ကျန်တဲ့နည်းလမ်းတွေလဲအများကြီးရှိပါသေးတယ်
Apple iPhone ဆိုပြီး App Store ကိုဝင်ဖို့ google account တောင်းနေတာ တစ်ခုနဲ့တင် Clone ဟုတ်မဟုတ် ခွဲခြားဖို့ 100% လုံလောက်နေပါပြီ။
Credit:::::မူရင်းပိုင်ရှင်
Pc နိုးပြီး Monitor မလာရင်
ပါဝါနိုးပြီးဘာမှမလာတော့တဲ့ Desktop Computer ကို စစ်ဆေးခြင်း
အခြေခံ သဘောတရားအနေနဲ့ ပါဝါနိုးပြီး Boot မတတ်တာကိုအရင်မစဉ်းစားဘဲ .. Board မတတ်တာကို အရင်စဉ်းစားရမှာဖြစ်ပါတယ်။
Board တတ်ဖို့ဆိုတာ ...........
► Board ( Mother Board )
► CPU
► RAM ( Randon Access Memory )
အဲဒီ (၃) ခုကစည်းချက်ညီနေရမှာဖြစ်ပါတယ်။ အဲဒီ (၃) ခုတည်းက တစ်ခုခုသာဖောက်နေရင် ပါဝါနိုးပြီးဘာမှ လာတော့မှာမဟုတ်ပါဘူး ......
အဲဒီတော့ အရင်ဆုံးစစ်ဆေးပေးရမှာက
RAM Stick ( မန်မိုရီချောင်း ) ပါ။ RAM Slot တွေချောင်နေလို့ RAM တွကြွနေလားဆိုတာအရင်ကြည့်ပါ။
သေသေချာချာဖိစိုက်ပြီး စက်ကိုနှိုးကြည့်ပါ။ အကယ်၍ RAM 2 ချောင်းစိုက်ထားတဲ့ Computer ဆိုရင် ဟိုဘက် ဒီဘက် နေရာလဲပြီး RAM ကိုတပ်ကြည့်ပါ။ ဘယ်လိုပြောင်းတပ်တပ် မရဘူးဆိုရင် တစ်ချောင်းခြင်းစီစိုက်ပြီးနှိုးကြည့်ပါ။ မရဘူးဆိုရင် Memory ကို ဂျီးဆေးပါ။ ရွှေရောင်ကြေးပြားလေးတွေကို ခဲဖျက်နဲ့ပွတ်တိုက်ပေးပါ။ အဲဒီကြေးပြားလေးတွေမှာဂျီးများနေရင် Error တတ်ပါတယ်။ မရသေးဘူးဆိုရင် Memory အသစ်ထည့်ပြီးနှိုးပါ။ အတွေ့အကြုံအရတော့ Memory မှာ Error တတ်တာများပါတယ်။ နောက်ထပ်အလွယ်စစ်နည်းကတော့ အဲဒီစက်က Memory ကို
တစ်ခြားစက်မှာသွားတပ်ပြီးစမ်းကြည့်ပါ။
အဲဒီစက်လည်းမတတ်တော့ဘူးဆိုရင်တော့တရားခံကဒီကောင်ပေါ့။ ကဲ ... ဒါလည်းမနိုးဘူးလို့ထားလိုက်ပါ။
နောက်တစ်ခုထပ်စစ်ပါတော့မယ်။ CPU ကိုစစ်ပါမယ်။ Cooling Fan ကကောင်းကောင်းလည်ရဲ့လားဆိုတာအရင်ကြည့်ပါ။ ဖုန်တွေရှင်းပေးပါ။ ဖုန်မှုန့်တွေကပ်တာများနေရင် Fan က
ကောင်းကောင်းလည်မှာမဟုတ်ပါဘူး။ Fan Speed ကျနေရင် CPU Heat တတ်လာမှာပါ။CPU Heat တတ်လာရင် စက်ကပါဝါပြန်ပြန်ပိတ်သွားမှာဖြစ်ပါတယ်။ သတ်မှတ်အပူချိန်( Temperature ) ထက်ကျော်လာရင် အလိုအလျောက် Restart ကျဖို့Mother Board မှာ Program ရေးပြီး ထုတ်လုပ်ထားတာပါ။
Fan Speed ကောင်းတယ်လို့သဘောထားပြီးဆက်ပြောပါ့မယ်။ CPU Fan ကိုဖြုတ်ပါ။ အောက်မှာ CPU Chip ကိုတွေ့ပါလိမ့်မယ်။ သတိထားပြီးဖြုတ်ပါ။ CPU နဲ့ထိစပ်နေတဲ့ Pin လေးတွေ ကောက်သွားတတ်ပါတယ်။ ကောက်သွားရင် အာရုံနောက်ပါလိမ့်မယ်။
နေရင်းထိုင်ရင်း Mother Board တစ်ခုလျော်ပေးနေရပါလိမ့်မယ်။ CPU Fan ဖြုတ်ပြီးသွားရင် CPU ပေါ်မှာ Compound တစ်မျိုးသုတ်ထား တာကိုတွေ့ရပါလိမ့်မယ်။အသုံးပြုတာ ကြာလာတဲ့ Computer တွေမှာ CPU အပေါ်မှာ သုတ်ထားတဲ့ Compound တွေက CPU အပူချိန်ကြောင့် ခြောက်သွေ့လာတတ်ပါတယ်။ ခြောက်နေတဲ့ Compound တွေးကို Tissue လေးနဲ့ဖယ်ရှားပြီး ဂွမ်းတုတ်တံလေးနဲ့Thermal Paste အသစ်သုတ်ပေးလိုက်ပါ။ ပြီးရင် CPU ကို Motherboard ပေါ်မှာ ဂျက်ကျအောက်ပြန်တပ်ပါ။ CPU Fan ကိုလည်း စနစ်တကျ သေသေ ချာချာတတ်ပါ။ ပြီးရင် Computer ကို Power ပြန်နှိုးကြည့်ပါ။ မရရင် တစ်ခြားအသုံးပြုနေတဲ့ အမျိုးအစားတူ Computer ထဲက CPU တစ်လုံးအစားထိုးကြည့်ပါ။ ဒါဆိုရင်တော့နိုးပါပြီ။ နောက်ထပ်အလွယ်စစ်နည်းကတော့ အဲဒီစက်က CPU ကိုတစ်ခြားစက်မှာသွားတပ်ပြီးနိုးကြည့်ပါ။အဲဒီစက်လည်း မတတ်တော့ဘူးဆိုရင်တော့တရားခံကဒီကောင်ပေါ့။
ကဲ ... ဒါလည်းမနှိုးဘူးလို့ထားလိုက်ပါ။
နောက်တစ်ခုထပ်စစ်ပါတော့မယ်။
Mother Board အသစ်တစ်ခုလဲပြီးစမ်းကြည့်ဖို့ပါပဲ။
သူငယ်ချင်းများ အားလုံး လွယ်ကူအဆင်ပြေကျပါစေ။
Credit >>> Sayar Tun Tun Aung
iOS 14 မှာဘာ feature အသစ်တွေပါလာမလဲ?
 June 22 ရက်နေ့မှာကျင်းပမယ်လို့သတင်းထွက်နေတဲ့ WWDC ပွဲမှာကျွန်တော်တို့ iOS version 14 ကိုတွေ့မြင်ရဖို့ရှိနေပြီးသူ့မှာပါတဲ့ feature တစ်ချို့ကိုလဲကြိုသိနေရပါပြီ။ ဆိုတော့ဘာတွေထူးခြား လာမလဲကြည့်လိုက်ရအောင်။
1) Home Screen Changes
 iOS 14 မှာအရင်က home screen design ကိုပဲဆက်သုံးမယ်ဆိုပေမယ့်အပြောင်းအလဲအနည်း ငယ်ကိုတော့တွေ့မြင်ရနိုင်ဖွယ်ရှိနေပါတယ်။ ဥပမာ- application icons တွေကို list view နဲ့ကြည့်လို့ရ မယ့် home screen page အသစ်ရယ်၊ home screen widgets တွေရယ်ပါလာနိုင်တာမျိုးပါ။ List view မှာ unread notifications တွေရှိတဲ့ app တွေကိုပဲပြတာမျိုး၊ recently opend apps  တွေကိုပြတာ၊ app တွေကို daily usage ပေါ်မူတည်ပြီးပြတာလိုမျိုး sorting features တွေလဲသုံးလို့ရမှာဖြစ်ပါတယ်။
2) Improved accessibility
 iOS 14 မှာ user တွေအနေနဲ့ ပိုကောင်းတဲ့ accessibility setting တွေရလာနိုင်မှာဖြစ်ပြီး fire alarms, sirens, doorbells နဲ့တခြား အချက်ပေးသံတွေကို haptic vibration အနေနဲ့ပြောင်းပေးမယ်လို့ ဆိုပါတယ်။ ဒီ feature အသစ်ဟာ နားသိပ်မကောင်းတဲ့သူတွေအတွက်တော်တော်လေးကိုအသုံးဝင်နိုင် ပြီးအသက်ကယ်ပေးနိုင်မယ့် feature တစ်ခုဖြစ်လာနိုင်ပါတယ်။ ပြီးတော့ Audio Accommodations ဆိုတဲ့ accessibility feature တစ်ခုလဲပါလာနိုင်တယ်။ အဲ့ဒါကတော့ AirPods တွေ Earpods တွေရဲ့ audio tuning ကိုနားသိပ်မကြားတဲ့သူတွေအတွက်ပိုအဆင်ပြေအောင် tuning လုပ်ပေးမယ့် feature ပါ။
3)Car Key
 ဒီ feature ကို iOS 13.4 မှာတည်းက develop စလုပ်လာတာဖြစ်ပြီး iOS 14 မှာပါလာမယ်လို့ ယူဆရပါတယ်။ ကိုယ့်ရဲ့ iPhone or iWatch ကိုအသုံးပြုပြီး car ကို unlock လုပ်တာ၊ စက်နှိုးတာတွေ လုပ်လို့ရမယ်၊ Paring လုပ်ဖို့အတွက်ကတော့ wallet app ကတစ်ဆင့်လုပ်ရမှာဖြစ်ပြီး NFC-compatible cars တွေမှာအသုံးပြုနိုင်ပါမယ်။ Car Keys တွေကို wallet app ကတစ်ဆင့် share သုံးနိုင်မှာဖြစ်တဲ့ အတွက်တခြားမိသားစုဝင်တွေကိုလဲကိုယ့်ကားသော့ပေးထားသလိုမျိုးလုပ်လို့ရမှာပါ။ ဒီ feature ကိုပထ မဆုံးသုံးနိုင်မယ့်ကား company ကတော့ BMW ဖြစ်ပါတယ်။
4) Built-in translation in safari
 Safari မှာ built-in translator ပါလာမယ်ဆိုတာကလဲသတင်းကောင်းပါပဲ။ Web-page တွေကို တခြား third-party app တွေ services တွေသုံးပြီး translate လုပ်စရာမလိုတော့ဘူး။ ကိုယ့် language မဟုတ်တဲ့ web page တွေဖွင့်လိုက်တာနဲ့အလိုအလျောက် translation လုပ်ပေးမယ်လို့ဆိုပါတယ်။
5) More Apple Pencil tools
 Apple Pencil tools အသစ်တွေပါလာနိုင်ပြီး websites တွေမှာ scroll, touch လုပ်တာနဲ့ markup လုပ်တာမျိုးကို  full support ပေးလာမယ်လို့ဆိုပါတယ်။
6) Keyboard Brightness shortcut
 Apple ရဲ့ Magic Keyboard နဲ့ Smart Keyboard တွေမှာ function key မပါတဲ့အတွက် brightness ပြောင်းချင်ရင် setting ဒါမှမဟုတ် control center ကိုသွားပြောင်းရပါတယ်။ iOS 14 မှာတော့ keyboard shortcut အသစ်တစ်ခုနဲ့ brightness ကိုထိန်းချုပ်နိုင်တော့မှာပါ။
7) Find My alerts
 iOS 14 ရဲ့ Find My alerts မှာ တစ်စုံတစ်ယောက်ကသတ်မှတ်ထားတဲ့နေရာကိုသတ်မှတ်ထား တဲ့အချိန်မရောက်လာဘူးဆိုရင် မိသားစုဝင်တွေရဲ့ဖုန်းမှာ alerts လုပ်ပေးမယ့် feature အသစ်တစ်ခု ပါလာပါတယ်။ တကယ်လို့ သတ်မှတ်ထားတဲ့အချိန်မတိုင်ခင်မှာထွက်သွားတယ်ဆိုရင်လဲ alerts ပေးမှာ ဖြစ်လို့ ကလေးတွေကိုစောင့်ကြည့်ရာမှာအသုံးဝင်မယ့် feature ပါ။ ဖုန်းပျောက်သွားတယ်၊ ဒါမှမဟုတ် သူငယ်ချင်းနဲ့တွေ့ဖို့ရှိတယ်ဆိုရင်လဲကိုယ်ရှာချင်တဲ့ဖုန်းရဲ့နေရာကို AR mode သုံးပြီးပိုတိကျတဲ့လမ်းညွှန် ချက်တွေယူနိုင်လာမှာဖြစ်ပါတယ်။
😎 OS recovery
 iPhone တွေမှာ firmware restore လုပ်ဖို့အအတွက်ဆိုရင် computer တွေကိုအားကိုးနေရတုန်း ပါပဲ။ iOS 14 မှာတော့ OS recovery ဆိုတဲ့ feature ပါလာနိုင်ပြီး ဖုန်းကနေပဲ OTA နဲ့ ( လိုင်းပေါ်ကနေတိုက်ရိုက်) တင်တာ ဒါမှမဟုတ်တခြား iPhone iPad တွေကနေတစ်ဆင့် USB နဲ့ချိတ်ပြီး တင်တာမျိုးလုပ်လို့ရလာနိုင်ပါတယ်။ MacOS ရဲ့ Internet Recovery အလုပ်လုပ်သလိုမျိုးပါပဲ။
Ref; https://9to5mac.com/2020/06/06/ios-14-wwdc-2020-roundup-features/
#CreditTechnoland
#iOSTechnologies 
Motherboard model ကိုစစ်ဆေးနိုင်မယ့် နည်းလမ်း (၃)ခု
၁။ using command prompt
Cmd ကိုဖွင့်ပြီး အောက်ပါအတိုင်းရိုက်ပေးပါ။
wmic baseboard get product, manufacturer, version, serialnumber
၂။ windows key + R >> msinfo32
၃။ using third party software (cpuz)
Tuesday, June 9, 2020
သင်သိထားသင့်သော ‌Password များအကြောင်း
မဂ်လာပါ။
♦️ ကျနော်တို့ ဒီနေ့ ဝေမျှပေးသွားမယ့် အကြောင်းအရာလေးကတော့ Password နဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးဘဲ ဖြစ်ပါတယ်။ ဒီနေ့ ခေတ်မှာ Password ဆိုတာက နေရာတကာမှာ တွေ့နေရတယ်။ မိတ်ဆွေသုံးနေတဲ့ ဖုန်း၊ ကွန်ပျုတာ စတာတွေ အပြင် Facebook, Instagram တို့မှာလည်း Password နဲ့ လွတ်ကင်းတယ် ဆိုတာ မရှိသလောက်ပါဘဲ။
♦️ ဒါ့ကြောင့် မိတ်ဆွေ အနေနဲ့ Password တွေရဲ့ သဘောသဘာဝကို နားလည်ထားမှ ရပါလိမ့်မယ်။ တော်ကီတွေများနေပြီ။ လိုရင်းဘဲ သွားလိုက်ကြရအောင်။ Password ပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုက လုံခြုံစေချင်လို့လေ။ သိုပေသိ။ ဖြစ်သလို၊ ပြီးပြီရော။ ပေးလိုက်လို့ မရပါဘူး။ ဆိုလိုတာက မိတ်ဆွေ Facebook Password ကို မိမိမွေးနေ့၊ မိမိကောင်မလေး မွေးနေ့၊ မိမိနာမည်၊ စတာမျိုးတွေ ပေးခြင်းကို ရှောင်ကြည်သင့်ပါတယ်။
♦️ ဘယ်လိုမျိုး ပေးရမလဲ? ကျနော် ပြောတဲ့ အတိုင်းသာ ပေးထားမယ်ဆိုရင် လက်ရှိထက် ပိုမိုလုံခြုံစေပါတယ်။ ၁၀၀% တော့ မဆိုလိုဘူးနော်။ Password တွေ ပေးမယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အချက် (၅) ချက်နဲ့ ပြည့်စုံရပါမယ်။
(1) Small Letters (စာလုံးအသေး)
(2) Capital Letters (စာလုံးအကြီး)
(3) Numbers (0 to 9)
(4) Alpha Numeric (!@#$%)
(5) At Least 8 Characters
♦️ ကဲ၊ တစ်ခုချင်းစီ ပြန်ရှင်းပေးမယ်။
(၁) Small Letters
မိမိ ပေးမယ့် Password ထဲတွင် စာလုံး အသေးတွေ ပါရမယ်။ တော်တော်များလည်း သုံးနေတဲ့အတွက်ကြောင့် ထွေထွေထူးထူး ပြောစရာမလိုတော့ပါဘူး။
(၂) Capital Letters
မိမိ ပေးမယ့် Password ထဲတွင် စာလုံး အကြီးတွေ ပါရမယ်။
(၃) Numbers
နံပါတ်တွေ ပါရမယ်။ ဥပမာအားဖြင့် 0,1,3,4,5,8 စတာတွေ ဖြစ်ပါတယ်။
(၄) Alpha Numeric
ဒီလို (! @ # $) မျိုးလေးတွေ ပါရမယ်။
(၅) At Least 8 Characters
မိမိ သတ်မှတ်မယ့် Password မှာ အနည်းဆုံး Password (8) လုံး ရှိရမယ်။
ဥပမာ - Password တစ်ခု ပေးပြပါမယ်။ ကျနော့် နာမည်သည် ကောင်းမြတ်ဖြစ်တဲ့ အတွက် ဒီနာမည်ကိုဘဲ အပေါ်မှာသုံးထားတဲ့ အချက်တွေနဲ့ ညီအောင် ပေးပြပါမယ်။
k@un5My@t
♦️ အပေါ်မှာ နမူနာ ပြထားတဲ့ Password မှာဆိုရင် အသေးစာလုံးလည်း ပါတယ်၊ အကြီး စာလုံးလည်း ပါတယ်။ ဂဏန်းတွေလည်း ပါတယ်။ Alpha Numeric တွေ လည်း ပါတယ်။ နောက်ပြီးတော့ Password စာလုံးရေ စုစုပေါင်း ၉ လုံးရှိပါတယ်။ ဒါဆိုရင်တော့ Strong ဖြစ်တဲ့ Password တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။
♦️ အထက်မှာ ပြောထားသလို 100% မဟုတ်တောင်ရင်တောင်မှ နဂိုထက်တော့ အများကြီး ပိုမိုလုံခြုံသွားစေပါတယ်။
♦️ မိတ်ဆွေရဲ့ ဝါသနာတူ သူငယ်ချင်းတွေ သိသွားအောင်လည်း Share သွားလိုက်ဦးနော်။
<Zawgyi>
================================
မဂ်လာပါ။
(3) Numbers (0 to 9)
(4) Alpha Numeric (!@#$%)
(5) At Least 8 Characters
(၁) Small Letters
(၂) Capital Letters
(၃) Numbers
(၄) Alpha Numeric
(၅) At Least 8 Characters
k@un5My@t
Monday, June 8, 2020
Android ဖုန်းပေါ်က သီချင်းကို Windows 10 ကတစ်ဆင့် ထိန်းချုပ်နိုင်
Windows သုံးစွဲသူဆိုရင် Your Phone app သိမှာပါ။ Your Phone ကို အသုံးပြုပြီး Android ထုတ်ကုန်နဲ့ ကွန်ပျူတာကို ချိတ်ဆက်နိုင်ပြီး ဖုန်းပြောနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ အခုဆိုရင် Your Phone မှာ update အသစ်တွေ ပါဝင်လာတယ်။ Microsoft က Your Phone app အတွက် သီချင်းပိုင်း ထိန်းချုပ်ခွင့်ပြုခဲ့ပြီး Windows ကနေ Android ဖုန်းပေါ်က သီချင်းဖွင့်တာကို ထိန်းချုပ်လာနိုင်မှာပါ။
အခု feature ကိုလွန်ခဲ့တဲ့တစ်ပတ်က ကြေညာပြီး Windows 10 ကွန်ပျူတာ ကနေ Android စမတ်ဖုန်းက သီချင်းဖွင့်တာ၊ ပိတ်တာကို တိုက်ရိုက် ထိန်းချုပ်နိုင်ပါတယ်။ Spotify ကလည်း Connect ဆိုတဲ့ဝန်ဆောင်မှုနဲ့ အလားတူပုံစံမျိုး ထောက်ပံ့ထားပါတယ်။
Windows 10 ရဲ့ Your Phone app အတွင်းမှာ သီချင်းဖွင့်တာ၊ ခဏရပ်တာနဲ့ သီချင်းကျော်တာ ပြုလုပ်နိုင်သလို သီချင်း သတင်းအချက်အလက်၊ အယ်လ်ဘမ်ဓာတ်ပုံနဲ့ service ကိုလည်း မြင်တွေ့ရပါမယ်။ Your Phone ကို YouTube Music, Google Play Music, Spotify, Pandora, Amazon Music, Xiaomi Music နဲ့ Google Podcast တွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။
အခုလုပ်ဆောင်ချက်ကို အသုံးပြုမယ်ဆိုရင် Windows ပေါ်က Your Phone app ဗားရှင်း 1.20051.93.0 နဲ့ Android ပေါ်မှာဆိုရင် Your Phone app 1.20051.113.0 ဗားရှင်းကို ထည့်သွင်းထားဖို့ လိုပါတယ်။
Zawgyi
computer
Computer ထဲမှာစိုက်ထားတဲ့ RAM စစ်နည်း
Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထာ...