1. Driver
Driver မှန်ကန်မှု မရှိလျှင် (သို့) Driver မသွင်းထားလျှင်
1.1 အသုံးပြုရ နှေးကွေးလေးလံခြင်း။
1.2 Graphics Driver မသွင်းထားသော စက်မှာ ရုပ်ထွက် ကြီးနေတက်ခြင်း။
1.3 TouchPad (Laptop တွင် ပါရှိတဲ့ မြှားရွေ့တဲ့ အပြား)၊ Mouse ရွေ့ရာတွင် လိုရာ မရောက်ပဲ ထစ်နေတက်ခြင်း။
1.4 WiFi သုံးမရခြင်း။
1.5 Camera ပါသော်လည်း သုံးမရခြင်း။
👉 Laptop ဝယ်တဲ့အခါ Driver Software တောင်းယူသင့်ပါတယ်။
2. CPU
CPU က ကွန်ပြုတာရဲ့ အရေးကြီးဆုံး အပိုင်းပါ။
RAM, Graphics ဘယ်လောက်မြှင့်မြှင့် CPU သာ နိမ့်နေမယ်ဆို အသုံးပြုရ နှေးကွေး လေးလံနေမှာပါ။
CPU မှာ Series, Brand, Generation, Numeric Digits တွေနဲ့ ခွဲခြားသတ်မှတ်ထားပြီး Performance မတူကြပါဘူး။
3. RAM
RAM များရင် အရမ်းမြန်သွားမှာ မဟုတ်ပဲ အနည်းငယ် ပိုမြန်သွားပါလိမ့်မယ်။
စက်ကို မြန်စေတဲ့ အဓိက အစိတ်အပိုင်းက CPU ပါ။
RAM များရင် ဘာတွေ ပိုကောင်းမလဲ။
RAM များများ လိုအပ်တဲ့ Software (ဥပမာ-Game) အသုံးပြုခြင်း၊ File အများကြီးကို တစ်ပြိုင်တည်း ဖွင့်သုံးခြင်း (ဥပမာ- Chrome တွင် Website အများကြီးကို တစ်ပြိုင်နက် ဖွင့်သုံးခြင်း) က RAM ကို ပိုလိုအပ်ပါတယ်။
4. HDD
ကွန်ပြုတာ တစ်လုံးမှာ HDD ကလည်း အရေးကြီးပါတယ်။
HDD ရဲ့ လုပ်ဆောင်ချက်က Data သိမ်းဆီးမှု နဲ့ မြန်နှုန်း ကို လုပ်ဆောင်ပါတယ်။
HDD ရဲ့ Data သိမ်းဆီမှု အပိုင်းတွင် 120GB, 160GB, 250GB, 320GB, 500GB, 1000GB ဆိုပြီး အစားစား ရှိပါတယ်။
GB များရင် Data များများ သိမ်းဆီးထားနိုင်ပေမဲ့ ပိုမြန်သွားမှာ မဟုတ်ပါဘူး။
သင့်အနေနဲ့ မြန်မြန် အသုံးပြုချင်တယ်ဆို SATA HDD အစား SSD HDD ကို အသုံးပြုသင့်ပါတယ်။
သင့်ရဲ့ စက်က i7 ဖြစ်နေရင်တောင် HDD သာ မကောင်းခဲ့ရင် နှေးကွေးလေးလံနေမှာပါ။
5. Graphics Card
Graphics Card ကတော့ စာစီစာရိုက်၊ စာရင်းပိုင်း အသုံးပြုသူဆို Graphics Card မပါလည်း အဆင်ပြေပါတယ်။
Graphics မှာ AMD နဲ့ Nvidia ဆိုပြီး ရှိပါတယ်။
Graphics Card ကို Gamming သမားများ၊ Video Edition သမားများ အတွက် အထူးသင့်တော်ပါတယ်။
5.1 Graphics Card ပါတာနဲ့ အသုံးပြုလို့ ရပြီလား။
သင့်စက်မှာ AMD (or) Nvidia Graphics ပါပေမဲ့ သူနဲ့ သက်ဆိုင်တဲ့ Graphics Driver မသွင်းထားလျှင် Graphics Card က အလုပ်လုပ်မှာ မဟုတ်ပါဘူး။
5.2 Graphics Card က Driver မှန်၊မမှန်၊ ကောင်းစွာ အလုပ် လုပ်၊မလုပ် ဘယ်လို သိနိုင်လဲ။
Desktop ပေါ်တွင် Right Click ထောက်ကြည့်တဲ့ အခါ
Intel Graphics ဆို Graphics Properties
AMD Graphics ဆို AMD Catalyst Control Center (or) Radeon Setting
Nvidia Graphics ဆို Nvidia Control Panel
ဆိုပြီး ပေါ်နေပါလိမ့်မယ်။
6. Windows
Windows အသုံးပြုမယ်ဆို Windows 10 ကို ရွေးချယ်သင့်ပါတယ်။
Windows 7 က ၁၄ရက် ၁လ ၂၀၂၀ မှာ သက်တမ်းကုန်သွားပြီ ဖြစ်တာကြောင့် Microsoft Office 2019 လို Software အမြင့်တွေ အသုံးပြုမယ်ဆို Windows 10 မှာသာ အသုံးပြုလို့ ရမှာပါ။
6.1 Windows 7 နဲ့ 10 က မြန်နှုန်း တူလား။
မတူပါဘူး။
Windows 10 က Windows 7 ထက် ပိုမို မြန်ဆန်ပါတယ်။
6.2 Windows 7 မှာ သွက်ပေမဲ့ Windows 10 တင်ပြီးမှ လေးသွားတာက ဘာကြောင့်လဲ။
သင် အသုံးပြုတဲ့ စက်က Windows 10 ကို မနိုင်ရင်သော်လည်းကောင်း၊ HDD မကောင်းရင်သော်လည်းကောင်း စက်လေးစေပါတယ်။
Windows 7 တုန်းက HDD မြန်နှုန်းက သိပ်မလိုအပ်လို့ HDD ရဲ့ နှေးကွေးမှုကို မသိနိုင်ပေမဲ့ Windows 10 ပြောင်းသုံးတဲ့ အခါ HDD မြန်နှုန်းကလည်း အရေးပါတာကြောင့် Windows 10 မြန်နှုန်းကို HDD မြန်နှုန်းက မလိုက်နိုင်တဲ့ အခါ နှေးကွေးလေးလံစေတာပါ။
6.3 Windows 10 ကို သွက်သွက်လက်လက်နဲ့ ဘယ်လို အသုံးပြုရမလဲ။
HDD နေရာမှာ SSD ပြောင်းသုံးလိုက်ပါ။
<Zawgyi>
Laptop ဝယ်မည့်သူတိုင်း သိထားသင့်တဲ့ အချက် များ
+++++++++++++++++++
1. Driver
1.4 WiFi သုံးမရခြင်း။
2. CPU
3. RAM
4. HDD
5. Graphics Card
6. Windows
မတူပါဘူး။
No comments:
Post a Comment