Friday, May 29, 2020

ကွန်ပျူတာရဲ့ USB Port တွေကို Disable/Enable လုပ်နည်းများ

ကွန်ပျူတာရဲ့USB Port တွေကနေတစ်ဆင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်မှုပြုလုပ်ထားချင်ရင် USB Port တွေကို မလိုအပ်တဲ့အခါမှာ Disable လုပ်ထားနိုင်ပြီး ပြန်လိုအပ်လာရင် Enable လုပ်ထာားနိုင်ပါတယ်။ ဘယ်လိုအန္တရာယ်တွေ ဖြစ်လာနိုင်သလဲ။ နက်ဝါခ်မသုံးတဲ့ ကွန်ပျူတာမှာဘယ်နေရာကနေ Virus တွေ ဝင်လာသလဲ။ USB Stick, External Drive အစရှိတဲ့ နေရာတွေကနေ ဝင်လာနိုင်တယ်။ Auto Run တဲ့ Virus တွေလည်း ကွန်ပျူတာထဲကို USB Stick ထည့်လိုက်တာနဲ့ချက်ချင်း Virus ဝင်သွားမှာပါ။

ကိုယ့်ကွန်ပျူတာထဲကို မိမိခွင့်ပြုချက်မရှိပဲနဲ့သူများ USB Stick တို့ External Drive တို့ ကွန်ပျူတာကို Lock မချပဲ ဖွင့်ရင်းတန်းလန်းကြီးထားခဲ့တဲ့ အချိန်မျိုးမှာ မည်သည့် USB Drive မှ ထိုးထည့်လို့မရအောင် Disable လုပ်နည်း‌တွေကို ဖော်ပြပေးလိုက်ပါတယ်။

External Drive တစ်ခုကို ကွန်ပျူတာထဲကို ထည့်တဲ့အခါမှာ အဲ့ဒီ Drive မသိရင်၊တစ်ခြား မည်သည့် USB Stick ပဲထည့်ထည့်၊ မသိရင် USB Driver ကို Install လုပ်ထားပြီးပြီလား၊ USB Port ကို Disable or Enable လုပ်ထားသလား၊ အရင်စစ်ကြည့်ရပါမယ်။

1. Device Manager ထဲကို ဝင်သွားလိုက်ပြီး Universal Serial Bus Controllers အောက်က USB Device တွေကို Right Click နှိပ်ပြီး Disable လုပ်ထားနိုင်ပါတယ်။ ပြန်သုံးချင်ရင် Enable ပြန်လုပ်ပေးထားရပါမယ်။

2. BIOS/UEFI ကနေ Disable/Enable လုပ်နည်း တစ်ချို့ Motherboard တွေမှာတော့ BIOS ထဲမှာ USB Port တွေကို Disable/Enable လုပ်နိုင်ပါတယ်။ Motherboard ထုတ်တဲ့ Manufacturers အလိုက် F2,F10,Del Key တစ်ခုခုနဲ့စက်စတက်တက်ချင်း ဆက်တိုက်နှိပ်ထားပြီး BIOS ထဲမှာ USB Disable/Enable လုပ်လို့ရမရ၊ စစ်ကြည့်ပြီး လုပ်နိုင်ပါတယ်။

3. ဆော့ဝဲလ်အကူညီနဲ့ Disable/Enable လုပ်နည်း Nomesoft USB Guard နဲ့ www.intelliadmin.com ဆော့ဝဲလ်တစ်ခုကို ဒေါင်းလုဒ်ဆွဲပြီး USB Ports ကို အလွယ်တကူ Disable/Enable လုပ်နိုင်ပါတယ်။

Zawgyi

No comments:

Post a Comment

computer

Computer ထဲမှာစိုက်ထားတဲ့ RAM စစ်နည်း

Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထာ...