Saturday, May 30, 2020

What is router?


#Router တွေနဲ့ Routing Protocols တွေကို စမပြောခင်မှာ Router တွေမှာရှိတဲ့ Routes(လမ်းကြောင်း) အမျိုးအစားတွေ၊ Routerတွေကာ အဲဒီ routes တွေကိုဘယ်လိုရအောင်လေ့လာတယ်။ 

ဘယ်လိုအသုံးချတယ်ဆိုတာတွေကို အခြေခံကျကျ သိထားဖို့လိုတယ်။ အဲဒီတော့ Router ကာ routes တွေကိုလေ့လာတဲ့နည်း ၂နည်းနဲ့လေ့လာတယ်။

 (Static နဲ့ Dynamic) ဆိုပြီးတော့ ရှိတယ်။ Router တွေကို အုပ်စုဖွဲ့ပြီးထိန်းချုပ်လို့ရတယ်။ အဲဒီလိုထိန်းချုပ်ဖို့ဆိုရင် [(Autonomous System) AS number လို့လည်းခေါ်တယ်။] ဆိုတာဘာလဲဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။ Router တွေကာ လမ်းကြောင်းရွေးချယ်တဲ့ဆီမှာ Routing Protocols အများကြီးထဲကမှ ဘယ်လို Routing Protocols ကို ချိန်ဆပြီးရွယ်ချယ်တယ် ဆိုတာကိုလည်း သိဖို့လိုအပ်တယ်။ 

Routes အမျိုးအစားများ Router တွေကာ လမ်းကြောင်းရှာတဲ့အခါမှာ Static နဲ့ Dynamic နည်းလမ်းနှစ်ခုဖြစ်တဲ့ထဲက တစ်ခုခုကိုသုံးပြီး လ့လာနိုင်ပါတယ်။ Static နဲ့ Dynamic နည်းလမ်းတွေကာဘာတွေလည်းဆိုတာ ဆက်ပြီး ဖေါ်ပြထားပါတယ်။ Static Routes Router တွေကာ Static Route ကို ပုံစံနှစ်မျိုးနဲ့ လေ့လာပါတယ်။ ပထမကတော့၊ router ကာ သူ့ရဲ့ active ဖြစ်နေတဲ့ interface ကို ကြည့်ပါတယ်။ ဘာ addresses တွေ configured လုပ်ထားလဲဆိုတာ ကြည့်ပြီး ဘယ်ကိုယ်စားပြု network number လဲဆိုတာကို ဆုံးဖြတ်ချက်ချတယ်။ ချက်ချင်းဘဲ သူ့ရဲ့ routing table ထဲကို ဖြည့်ထည့်တယ်။ များသောအားဖြင့် ခေါ်တာကတော့ connected ဒါမှမဟုတ် directly connected route လို့ခေါ်ကြတယ်။ ဒုတိယပုံစံကတော့ မိမိကိုယ်တိုင် manually configure လုပ်ထည့်ပေးတဲ့ static route ကို Router ကလေ့လာပြီး သူ့ရဲ့ routing table ထဲကိုဖြည့်ထည့်တယ်။ နောက်ထပ်ထူခြားတဲ့ static route ကတော့ default route လို့ခေါ်တယ်။ များသောအားဖြင့် ခေါ်ကြတာကတော့ gateway of last resort လို့ခေါ်ကြတယ်။ အကယ်၍ သွားရောက်ရမယ့်နေရာကာ routing table ထဲမှာ မရှိတဲ့နေရာဖြစ်နေခဲ့မယ်ဆိုရင် default route ကိုသုံးပြီး packetကို ရောက်အောင် ပို့လို့ရပါတယ်။ Default route တစ်ခုရဲ့ IP Address ကာ 0.0.0.0 နဲ့ subnet mask ကတော့ 0.0.0.0 ဘဲဖြစ်ပါတယ်။ တခါတလေကျရင် 0.0.0.0/0 အနေနဲ့ ဖေါ်ပြပါတယ်။ ဒီ default route ကို small network (ကွန်ယက်အငယ်စား) တွေမှာperimeter router ဖြစ်တဲ့ ISP router ကို တိုက်ရိုက်ချိတ်ထားတဲ့ router တွေမှာ configure လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ Dynamic Routes Router တွေကာ dynamic route ကိုတော့ routing protocols တွေဆီကနေ သူ့ဘာသာသူ လေ့လာယူပါတယ်။ Routing protocols တွေကာ သူ့ရဲ့အနီးကပ်လျက်ချိတ်ထားတဲ့ (neighboring routers) တွေဆီကနေ တူညီတဲ့ routing protocols တွေကို လေ့လာယူပါတယ်။ Dynamic routing protocols တွေကာ router ရဲ့ရောက်နိုင်တဲ့ အချက်အလက်တွေပေါ်မှာမူတည်ပြီး network numbers တွေကို share လုပ်ပါတယ်။ အဲဒီ sharing လုပ်နေတဲ့အချိန်မှာဘဲ တဆက်တည်း router ကာ အဲဒီ network ပေါ်မှာရှိတဲ့ ရောက်နိုင်တဲ့ network နဲ့ subnet numbers တွေကိုပါလေ့လာပါတယ်။ ဒီနေရာမှာ routing protocol နဲ့ routed protocol တွေကို သူ့ရဲ့အဆိုလိုရင်း နှစ်မျိုးရှိတယ် ဆိုတာကို သိထားဖို့လိုပါတယ်။ Routing protocol တစ်ခုကာ routes တွေကို Routed protocol အတွက် လေ့လာပါတယ်။ ဒါဆိုဘာတွေလဲ။ Routed Protocol ကာ layer 3 protocol တစ်ခုဖြစ်တယ်။ ဘာတွေလဲဆိုတော့ TCP/IP, IPX (Internetwork Packet Exchange)လိုအရာမျိုးတွေပေါ့။ Routed Protocol တစ်ခုကာ user traffic တွေဖြစ်တဲ့ e-mail, file transfers, and web downloads တွေဖြစ်တယ်။ အောက်က ဇယားနဲ့ အသုံးများတဲ့ routed protocol နဲ့ routing protocol တွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြထားပေးတယ်။

Autonomous Systems တချို့routing protocols တွေကာ Autonomous System(AS) တွေကိုနားလည်တယ်၊ ဒါပေမယ့် တချို့ routing protocols တွေကတော့ နားမလည်းပါဘူး။ Autonomous System ဆိုတာကာ (Administrative control) ထိန်းချုပ်မှုတစ်ခုတည်းရဲ့အောက်မှာရှိတဲ့ (a group of networks) ကွန်ယက်အုပ်စု တစ်ခုဖြစ်တယ်။ အဲဒီဟာကာ သင့်ရဲ့ကုမ္ပဏီ တစ်ခုတည်းမှာ ဖြစ်နိုင်တယ်။ သင့်ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲတွေ ရန်ကုန်(ဗဟို)၊ မန္တလေး(ခွဲ)၊ မြစ်ကြီးနား(ခွဲ)၊ တောင်ကြီး(ခွဲ)၊ ဆိုကြပါစို့။ အဲဒီကုမ္ပဏီတွေအားလုံးကာ ကိုယ့်ရဲ့ကုမ္ပဏီဘဲ၊ ကိုယ်ကဗဟိုကနေ ထိန်းချုပ်ရမှာဆိုတော့ ကိုယ်က AS နံပါတ်တူတွေသုံးပြီး Internet ပေါ်က အခြားမပတ်သက်တဲ့ network တွေနဲ့ ခွဲခြားထားလို့ရပါတယ်။ ဆိုလိုတာကတော့ ပထဝီဝင်အနေအထားအရ ကွဲပြားနေပေမယ့်၊ ယုတ္တိဗေဒ သဘောတရားအရ သူတို့တွေအကုန်လုံးကာ တစ်စုတစ်စီးတည်း ဖြစ်နေတယ်ပေါ့ဗျာ။ Routing protocol တစ်ခုကာ routing တွေကို AS number တစ်ခုအတွင်းမှာ အလုပ်လုပ်နေတာကို Interior Gateway Protocol (IGP) အနေနဲ့ ကိုယ်စားပြုပြောလို့ရပါတယ်။ IGP ကာဘာတွေလဲဆိုရင် RIP, EIGRP, OSPF, နဲ့ Intermediate System-Intermediate System (IS-IS) တွေဘဲဖြစ်တယ် Exterior Gateway Protocol (EGP) ဆိုတာလဲ ရှိပါသေးတယ်။ သူကတော့ မတူညီတဲ့ AS number တွေမှာရှိတဲ့ routing တွေကို ကိုင်တွယ်ဖြေရှင်းပါတယ်။ ဒီကနေ့ လက်တွေ့ဘဝမှာ တစ်ခုတည်းသော EGP ကသာဆက်လက်အသုံးများနေဆဲပါ။ အဲဒါကတော့ Border Gateway Protocol (BGP) ဘဲဖြစ်တယ်။ BGP ကို Internet backbone တွေကိုကျော်ပြီး မတူညီတဲ့ AS number တွေကြားမှာရှိတဲ့ route traffic တွေကို ကိုင်တွယ်တဲ့နေရာမှာသာ သုံးပါတယ်။ Routing protocols တွေအားလုံးကာ AS number တွေကို နားမလည်ပါဘူး။ AS number တစ်ခုကာ routing protocol တစ်ခုအတွက် လွယ်ကူတဲ့ boundaries တွေကို ထောက်ပံ့ပေး ပါတယ်။ အဲဒါကြောင့်မို့ ကောင်းကျိုးတချို့ကိုပံ့ပိုးပေးပါတယ်။ ပြောရမယ်ဆိုရင်တော့ ကိုယ့်ဆီက ခွဲထွက်သွားတဲ့ network number တွေကာ ကိုယ်ရှိနေတဲ့နေရာကနေ ဘယ်လောက်ဘဲဝေးဝေး ကိုယ်က ဆက်လက်ထိန်းချုပ်နေနိုင်သေးတယ်။ ဒါ့အပြင် ဘယ် route ကိုဘဲ အခြား AS တွေဆီကို advertise လုပ်မယ်။ အခြား AS တွေဆီက ဘယ် route ကိုဘဲ လက်ခံမယ် ဆိုတာတွေကိုလည်း ကိုယ်ကိုယ်တိုင် ထိန်းချုပ်လို့ရပါသေးတယ်။ မတူညီတဲ့ AS နံပါတ်တွေကိုတော့ ကိုယ်ကိုယ်တိုင် သတ်မှတ်ပေးလို့ရပါတယ်။ အဲဒါတွေကတော့ 1 ကနေ 65,535 ထိဖြစ်တယ်။ အဲဒီနံပါတ်စဉ် အတွင်းမှာ ယူသုံးလို့ရတယ်။ ဒါပေမယ့် အဲဒီနံပါတ်တွေကာ (IANA) Internet Assigned Numbers Authority လို့ခေါ်တဲ့ အဖွဲအစည်းကနေပြီးတော့ ထုတ်ပေးတယ်။ ISP ကတဆင့် (IANA) က သတ်မှတ်ပေးလိုက်တဲ့ AS နံပါတ်ကိုရနိုင်ပါတယ်။ 1 ကနေ 64511 က public number range တွေဖြစ်ပြီးတော့ 64512 ကနေ 56635 ကတော့ private AS number range တွေဖြစ်တယ်။ အညွှန်း။ IP Addressing ထဲက public နဲ့ private addressing တွေလိုမျိုးဘဲဖြစ်တယ်။ ဥပမာအားဖြင့်ဆိုရင် လက်တွေ့ဘဝမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ရှိတဲ့ Bagan Cybertech IDC & Teleport ရဲ့ AS ကာ 18399 ဖြစ်ပြီးတော့၊ MPT(Myanmar Ports & Telecom) ကတော့ AS 9988 တွေဖြစ်ပါတယ်။ ကွန်ယက်အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံမှာသုံးထားတဲ့ AS နံပါတ်ကို သိသင့်တယ်ထင်လို့ ဗဟုသုတနေနဲ့ ထည့်ပေးလိုက်ပါတယ်။private နံပါတွေကိုတော့ ကိုယ့်ရဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေအတွင်းမှာ လိုအပ်သလိုသုံးလို့ရပါတယ်။ အကယ်လို့ ကိုယ့်ရဲ့ ကွန်ယက်ကြီးကို မတူညီတဲ့ ကွန်ယက်တွေအနေနဲ့ ခွဲထုတ်ချင်တဲ့ အခါမျိုးတွေ ကြုံလာတဲ့အခါမှာ private AS number တွေကိုသုံးနိုင်ပါတယ်။ AS နံပါတ်တွေကို နားလည်တဲ့ routing protocols တွေကာ EIGRP, OSPF, IS-IS နဲ့ BGP တို့ဘဲဖြစ်ပါတယ်။ RIP တော့ AS နံပါတ်တွေကို နားမလည်ပါဘူး။ OSPF က AS နံပါတ်ကို နားလည်သော်လည်း သူ့ကို AS နံပါတ် configure လုပ်ဖို့မလိုပေမယ့် EIGRP တို့လိုမျိုး ကိုတော့ AS number တွေတပ်ပြီး configure လုပ်ဖို့လိုအပ်ပါတယ်။ CCNA စာမေးပွဲက basic IGPs တွေနဲ့ AS နံပါတ်တစ်ခုအတွင်းမှာသာ ရှိတဲ့ routing တွေအကြောင်းကိုသာ အဓိကထားပါတယ်။ အကယ်၍ CCNA စာမေးပွဲအတွက် လေ့လာနေသူတစ်ယောက်ဆိုရင်တော့ အခြေခံ IGP တွေဖြစ်တဲ့ RIP, OSPF, နဲ့ EIGRP တို့လောက်ကိုသာ သိထားဖို့လိုအပ်ပါတယ်။


<Zawgyi>

#Router ေတြနဲ႔ Routing Protocols ေတြကို စမေျပာခင္မွာ Router ေတြမွာရွိတဲ့ Routes(လမ္းေၾကာင္း) အမ်ိဳးအစားေတြ၊ Routerေတြကာ အဲဒီ routes ေတြကိုဘယ္လိုရေအာင္ေလ့လာတယ္။ 

ဘယ္လိုအသုံးခ်တယ္ဆိုတာေတြကို အေျခခံက်က် သိထားဖို႔လိုတယ္။ အဲဒီေတာ့ Router ကာ routes ေတြကိုေလ့လာတဲ့နည္း ၂နည္းနဲ႔ေလ့လာတယ္။

 (Static နဲ႔ Dynamic) ဆိုၿပီးေတာ့ ရွိတယ္။ Router ေတြကို အုပ္စုဖြဲ႕ၿပီးထိန္းခ်ဳပ္လို႔ရတယ္။ အဲဒီလိုထိန္းခ်ဳပ္ဖို႔ဆိုရင္ [(Autonomous System) AS number လို႔လည္းေခၚတယ္။] ဆိုတာဘာလဲဆိုတာကိုလည္း သိဖို႔လိုအပ္ပါတယ္။ Router ေတြကာ လမ္းေၾကာင္းေရြးခ်ယ္တဲ့ဆီမွာ Routing Protocols အမ်ားႀကီးထဲကမွ ဘယ္လို Routing Protocols ကို ခ်ိန္ဆၿပီးရြယ္ခ်ယ္တယ္ ဆိုတာကိုလည္း သိဖို႔လိုအပ္တယ္။ 

Routes အမ်ိဳးအစားမ်ား Router ေတြကာ လမ္းေၾကာင္းရွာတဲ့အခါမွာ Static နဲ႔ Dynamic နည္းလမ္းႏွစ္ခုျဖစ္တဲ့ထဲက တစ္ခုခုကိုသုံးၿပီး လ့လာႏိုင္ပါတယ္။ Static နဲ႔ Dynamic နည္းလမ္းေတြကာဘာေတြလည္းဆိုတာ ဆက္ၿပီး ေဖၚျပထားပါတယ္။ Static Routes Router ေတြကာ Static Route ကို ပုံစံႏွစ္မ်ိဳးနဲ႔ ေလ့လာပါတယ္။ ပထမကေတာ့၊ router ကာ သူ့ရဲ႕ active ျဖစ္ေနတဲ့ interface ကို ၾကည့္ပါတယ္။ ဘာ addresses ေတြ configured လုပ္ထားလဲဆိုတာ ၾကည့္ၿပီး ဘယ္ကိုယ္စားျပဳ network number လဲဆိုတာကို ဆုံးျဖတ္ခ်က္ခ်တယ္။ ခ်က္ခ်င္းဘဲ သူ့ရဲ႕ routing table ထဲကို ျဖည့္ထည့္တယ္။ မ်ားေသာအားျဖင့္ ေခၚတာကေတာ့ connected ဒါမွမဟုတ္ directly connected route လို႔ေခၚၾကတယ္။ ဒုတိယပုံစံကေတာ့ မိမိကိုယ္တိုင္ manually configure လုပ္ထည့္ေပးတဲ့ static route ကို Router ကေလ့လာၿပီး သူ့ရဲ႕ routing table ထဲကိုျဖည့္ထည့္တယ္။ ေနာက္ထပ္ထူျခားတဲ့ static route ကေတာ့ default route လို႔ေခၚတယ္။ မ်ားေသာအားျဖင့္ ေခၚၾကတာကေတာ့ gateway of last resort လို႔ေခၚၾကတယ္။ အကယ္၍ သြားေရာက္ရမယ့္ေနရာကာ routing table ထဲမွာ မရွိတဲ့ေနရာျဖစ္ေနခဲ့မယ္ဆိုရင္ default route ကိုသုံးၿပီး packetကို ေရာက္ေအာင္ ပို႔လို႔ရပါတယ္။ Default route တစ္ခုရဲ႕ IP Address ကာ 0.0.0.0 နဲ႔ subnet mask ကေတာ့ 0.0.0.0 ဘဲျဖစ္ပါတယ္။ တခါတေလက်ရင္ 0.0.0.0/0 အေနနဲ႔ ေဖၚျပပါတယ္။ ဒီ default route ကို small network (ကြန္ယက္အငယ္စား) ေတြမွာperimeter router ျဖစ္တဲ့ ISP router ကို တိုက္႐ိုက္ခ်ိတ္ထားတဲ့ router ေတြမွာ configure လုပ္ၿပီး အသုံးျပဳႏိုင္ပါတယ္။ Dynamic Routes Router ေတြကာ dynamic route ကိုေတာ့ routing protocols ေတြဆီကေန သူ့ဘာသာသူ ေလ့လာယူပါတယ္။ Routing protocols ေတြကာ သူ့ရဲ႕အနီးကပ္လ်က္ခ်ိတ္ထားတဲ့ (neighboring routers) ေတြဆီကေန တူညီတဲ့ routing protocols ေတြကို ေလ့လာယူပါတယ္။ Dynamic routing protocols ေတြကာ router ရဲ႕ေရာက္ႏိုင္တဲ့ အခ်က္အလက္ေတြေပၚမွာမူတည္ၿပီး network numbers ေတြကို share လုပ္ပါတယ္။ အဲဒီ sharing လုပ္ေနတဲ့အခ်ိန္မွာဘဲ တဆက္တည္း router ကာ အဲဒီ network ေပၚမွာရွိတဲ့ ေရာက္ႏိုင္တဲ့ network နဲ႔ subnet numbers ေတြကိုပါေလ့လာပါတယ္။ ဒီေနရာမွာ routing protocol နဲ႔ routed protocol ေတြကို သူ့ရဲ႕အဆိုလိုရင္း ႏွစ္မ်ိဳးရွိတယ္ ဆိုတာကို သိထားဖို႔လိုပါတယ္။ Routing protocol တစ္ခုကာ routes ေတြကို Routed protocol အတြက္ ေလ့လာပါတယ္။ ဒါဆိုဘာေတြလဲ။ Routed Protocol ကာ layer 3 protocol တစ္ခုျဖစ္တယ္။ ဘာေတြလဲဆိုေတာ့ TCP/IP, IPX (Internetwork Packet Exchange)လိုအရာမ်ိဳးေတြေပါ႔။ Routed Protocol တစ္ခုကာ user traffic ေတြျဖစ္တဲ့ e-mail, file transfers, and web downloads ေတြျဖစ္တယ္။ ေအာက္က ဇယားနဲ႔ အသုံးမ်ားတဲ့ routed protocol နဲ႔ routing protocol ေတြကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ျပထားေပးတယ္။

Autonomous Systems တခ်ိဳ႕routing protocols ေတြကာ Autonomous System(AS) ေတြကိုနားလည္တယ္၊ ဒါေပမယ့္ တခ်ိဳ႕ routing protocols ေတြကေတာ့ နားမလည္းပါဘူး။ Autonomous System ဆိုတာကာ (Administrative control) ထိန္းခ်ဳပ္မႈတစ္ခုတည္းရဲ႕ေအာက္မွာရွိတဲ့ (a group of networks) ကြန္ယက္အုပ္စု တစ္ခုျဖစ္တယ္။ အဲဒီဟာကာ သင့္ရဲ႕ကုမၸဏီ တစ္ခုတည္းမွာ ျဖစ္ႏိုင္တယ္။ သင့္ကုမၸဏီရဲ႕ ကုမၸဏီခြဲေတြ ရန္ကုန္(ဗဟို)၊ မႏၲေလး(ခြဲ)၊ ျမစ္ႀကီးနား(ခြဲ)၊ ေတာင္ႀကီး(ခြဲ)၊ ဆိုၾကပါစို႔။ အဲဒီကုမၸဏီေတြအားလုံးကာ ကိုယ့္ရဲ႕ကုမၸဏီဘဲ၊ ကိုယ္ကဗဟိုကေန ထိန္းခ်ဳပ္ရမွာဆိုေတာ့ ကိုယ္က AS နံပါတ္တူေတြသုံးၿပီး Internet ေပၚက အျခားမပတ္သက္တဲ့ network ေတြနဲ႔ ခြဲျခားထားလို႔ရပါတယ္။ ဆိုလိုတာကေတာ့ ပထဝီဝင္အေနအထားအရ ကြဲျပားေနေပမယ့္၊ ယုတၱိေဗဒ သေဘာတရားအရ သူတို႔ေတြအကုန္လုံးကာ တစ္စုတစ္စီးတည္း ျဖစ္ေနတယ္ေပါ႔ဗ်ာ။ Routing protocol တစ္ခုကာ routing ေတြကို AS number တစ္ခုအတြင္းမွာ အလုပ္လုပ္ေနတာကို Interior Gateway Protocol (IGP) အေနနဲ႔ ကိုယ္စားျပဳေျပာလို႔ရပါတယ္။ IGP ကာဘာေတြလဲဆိုရင္ RIP, EIGRP, OSPF, နဲ႔ Intermediate System-Intermediate System (IS-IS) ေတြဘဲျဖစ္တယ္ Exterior Gateway Protocol (EGP) ဆိုတာလဲ ရွိပါေသးတယ္။ သူကေတာ့ မတူညီတဲ့ AS number ေတြမွာရွိတဲ့ routing ေတြကို ကိုင္တြယ္ေျဖရွင္းပါတယ္။ ဒီကေန႔ လက္ေတြ႕ဘဝမွာ တစ္ခုတည္းေသာ EGP ကသာဆက္လက္အသုံးမ်ားေနဆဲပါ။ အဲဒါကေတာ့ Border Gateway Protocol (BGP) ဘဲျဖစ္တယ္။ BGP ကို Internet backbone ေတြကိုေက်ာ္ၿပီး မတူညီတဲ့ AS number ေတြၾကားမွာရွိတဲ့ route traffic ေတြကို ကိုင္တြယ္တဲ့ေနရာမွာသာ သုံးပါတယ္။ Routing protocols ေတြအားလုံးကာ AS number ေတြကို နားမလည္ပါဘူး။ AS number တစ္ခုကာ routing protocol တစ္ခုအတြက္ လြယ္ကူတဲ့ boundaries ေတြကို ေထာက္ပံ့ေပး ပါတယ္။ အဲဒါေၾကာင့္မို႔ ေကာင္းက်ိဳးတခ်ိဳ႕ကိုပံ့ပိုးေပးပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ ကိုယ့္ဆီက ခြဲထြက္သြားတဲ့ network number ေတြကာ ကိုယ္ရွိေနတဲ့ေနရာကေန ဘယ္ေလာက္ဘဲေဝးေဝး ကိုယ္က ဆက္လက္ထိန္းခ်ဳပ္ေနႏိုင္ေသးတယ္။ ဒါ႔အျပင္ ဘယ္ route ကိုဘဲ အျခား AS ေတြဆီကို advertise လုပ္မယ္။ အျခား AS ေတြဆီက ဘယ္ route ကိုဘဲ လက္ခံမယ္ ဆိုတာေတြကိုလည္း ကိုယ္ကိုယ္တိုင္ ထိန္းခ်ဳပ္လို႔ရပါေသးတယ္။ မတူညီတဲ့ AS နံပါတ္ေတြကိုေတာ့ ကိုယ္ကိုယ္တိုင္ သတ္မွတ္ေပးလို႔ရပါတယ္။ အဲဒါေတြကေတာ့ 1 ကေန 65,535 ထိျဖစ္တယ္။ အဲဒီနံပါတ္စဉ္ အတြင္းမွာ ယူသုံးလို႔ရတယ္။ ဒါေပမယ့္ အဲဒီနံပါတ္ေတြကာ (IANA) Internet Assigned Numbers Authority လို႔ေခၚတဲ့ အဖြဲအစည္းကေနၿပီးေတာ့ ထုတ္ေပးတယ္။ ISP ကတဆင့္ (IANA) က သတ္မွတ္ေပးလိုက္တဲ့ AS နံပါတ္ကိုရႏိုင္ပါတယ္။ 1 ကေန 64511 က public number range ေတြျဖစ္ၿပီးေတာ့ 64512 ကေန 56635 ကေတာ့ private AS number range ေတြျဖစ္တယ္။ အၫႊန္း။ IP Addressing ထဲက public နဲ႔ private addressing ေတြလိုမ်ိဳးဘဲျဖစ္တယ္။ ဥပမာအားျဖင့္ဆိုရင္ လက္ေတြ႕ဘဝမွာ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာ ရွိတဲ့ Bagan Cybertech IDC & Teleport ရဲ႕ AS ကာ 18399 ျဖစ္ၿပီးေတာ့၊ MPT(Myanmar Ports & Telecom) ကေတာ့ AS 9988 ေတြျဖစ္ပါတယ္။ ကြန္ယက္အင္ဂ်င္နီယာတစ္ေယာက္အေနနဲ႔ ကိုယ့္ႏိုင္ငံမွာသုံးထားတဲ့ AS နံပါတ္ကို သိသင့္တယ္ထင္လို႔ ဗဟုသုတေနနဲ႔ ထည့္ေပးလိုက္ပါတယ္။private နံပါေတြကိုေတာ့ ကိုယ့္ရဲ႕ အဖြဲ႕အစည္းေတြ၊ ကုမၸဏီေတြအတြင္းမွာ လိုအပ္သလိုသုံးလို႔ရပါတယ္။ အကယ္လို႔ ကိုယ့္ရဲ႕ ကြန္ယက္ႀကီးကို မတူညီတဲ့ ကြန္ယက္ေတြအေနနဲ႔ ခြဲထုတ္ခ်င္တဲ့ အခါမ်ိဳးေတြ ႀကဳံလာတဲ့အခါမွာ private AS number ေတြကိုသုံးႏိုင္ပါတယ္။ AS နံပါတ္ေတြကို နားလည္တဲ့ routing protocols ေတြကာ EIGRP, OSPF, IS-IS နဲ႔ BGP တို႔ဘဲျဖစ္ပါတယ္။ RIP ေတာ့ AS နံပါတ္ေတြကို နားမလည္ပါဘူး။ OSPF က AS နံပါတ္ကို နားလည္ေသာ္လည္း သူ့ကို AS နံပါတ္ configure လုပ္ဖို႔မလိုေပမယ့္ EIGRP တို႔လိုမ်ိဳး ကိုေတာ့ AS number ေတြတပ္ၿပီး configure လုပ္ဖို႔လိုအပ္ပါတယ္။ CCNA စာေမးပြဲက basic IGPs ေတြနဲ႔ AS နံပါတ္တစ္ခုအတြင္းမွာသာ ရွိတဲ့ routing ေတြအေၾကာင္းကိုသာ အဓိကထားပါတယ္။ အကယ္၍ CCNA စာေမးပြဲအတြက္ ေလ့လာေနသူတစ္ေယာက္ဆိုရင္ေတာ့ အေျခခံ IGP ေတြျဖစ္တဲ့ RIP, OSPF, နဲ႔ EIGRP တို႔ေလာက္ကိုသာ သိထားဖို႔လိုအပ္ပါတယ္။

No comments:

Post a Comment

computer

Computer ထဲမှာစိုက်ထားတဲ့ RAM စစ်နည်း

Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထာ...